ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား( ၁၂၇)ဦးကို တာဝန်ရှိသူများက နေရပ်သို့ ပြန်လည်ပို့ဆောင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမား( ၁၂၇)ဦးကို တာဝန်ရှိသူများက နေရပ်သို့ ပြန်လည်ပို့ဆောင်



MNP - ဇန်နဝါရီ    ၃၀

ရှမ်းပြည်နယ်( အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ ပြန်ဝင်လာကြသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမားများနှင့် ပြစ်ဒဏ်မှ လွတ်မြောက်လာသည့် ပြည်သူအမျိုးသား(၉၀)ဦး၊ အမျိုးသမီး(၃၇)ဦးစုစုပေါင်း(၁၂၇)ဦးကို တာဝန်ရှိသူများက ယနေ့နေ့လယ် ၁၂ နာရီခွဲတွင် မော်တော်ယာဉ်များဖြင့် မိမိနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါနေရပ်ပြန်ရွှေ့ပြောင်းမြန်မာအလုပ်သမားများသည် ဇန်နဝါရီလ (၂၀) ရက်နေ့က မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား(၂)မှ ပြန်လည်ဝင်ရောက်လာကြသူများဖြစ်ပြီး ဝမ်လုံး Quarantine Centre ၌ ထားရှိကာ သတ်မှတ်ရက်အတွင်း ကျန်းမာရေးစစ်ဆေးမှု ၃ ကြိမ်ပြုလုပ်ပြီးနောက် Covid-19 ရောဂါနှင့် ကိုဗစ်မျိုးရိုးဗီဇပြောင်းပိုး အိုမီခရွန်ရောဂါပိုး ကင်းစင်ကြောင်း အတည်ပြုချက်ရရှိသဖြင့် တာဝန်ရှိသူများက ယခုကဲ့သို့ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း၊ ကိုဗစ်ပိုးတွေ့ရှိသူတစ်ဦးကို ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ဆက်လက်ထားရှိမည် ဖြစ်ပြီး ဒေသခံအမျိုးသား (၂၀) ဦး၊ အမျိုးသမီး (၁၈) ဦး၊ စုစုပေါင်း (၃၈) ဦးကို သတ်မှတ်ရက်ပြည့်သည်အထိ ဆက်လက်ထားရှိမည်ဖြစ်ကြောင်း သိရသည်။

နေရပ်သို့ပြန်ကြမည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်က သွားရောက်ကြည့်ရှုကာ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြပြီး မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

သတင်း - ယာဆေး 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)