မြဝတီမြို့မှ မန္တလေးမြို့သို့ Argon Gas အရည်များသယ်ဆောင်လာသည့် မော်တော်ယာဉ်အား PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြဝတီမြို့မှ မန္တလေးမြို့သို့ Argon Gas အရည်များသယ်ဆောင်လာသည့် မော်တော်ယာဉ်အား PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်



MNP ၊ ဇန်နဝါရီ ၁၁

ကရင်ပြည်နယ်၊ မြဝတီမြို့မှ မန္တလေးမြို့သို့ပို့ဆောင်ရန် Argon Gas အရည်များတင် ဆောင်လာသည့် မော်တော်ယာဉ်အား ယနေ့ညနေပိုင်းတွင် PDF အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။


ဖြစ်စဉ်မှာ မြဝတီမြို့မှ မန္တလေးမြို့သို့ပို့ဆောင်ရန် ထွက်ခွာလာသည့် ဦးထွန်းမင်းဦး(ဘ) ဦးကိုမြင့် မောင်းနှင်ပြီး ရဲထူးအောင်(ဘ)ဦးဝင်းထူး လိုက်ပါ လာသော Argon Gas အရည် ၁၉ တန်သယ်ဆောင်လာသည့် မော်တော်ယာဉ်သည် ယနေ့ညနေ ၄ နာရီခွဲခန့်တွင် ကော့ကရိတ်မြို့နယ်၊ တတန်ကူးကျေးရွာ၏ အရှေ့ မြောက်ဘက် မီတာ ၃၀၀၀ ခန့် အကွာသို့ ရောက်ရှိစဉ် PDF အမည်ခံအကြမ်းဖက် သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ မော်တော်ယာဉ် လေကာမှန်နှင့် ကားဘီးများ လက်နက်ငယ်ကျည်ထိမှန်ပျက်စီးခဲ့ကြောင်း သိရ သည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်ခဲ့သူများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေးနှင့် နယ်မြေ လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)