ရမည်းသင်းမြို့တွင် နိုင်ငံတော်အစိုးရ ထုတ်ပြန်ချက်များအား ပြည်သူများသိရှိစေရန် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမည်းသင်းမြို့တွင် နိုင်ငံတော်အစိုးရ ထုတ်ပြန်ချက်များအား ပြည်သူများသိရှိစေရန် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

 



MNP - ဇန်နဝါရီ   ၂၈

ရမည်းသင်းမြို့နယ်တွင် Silent Strike(အသံတိတ်သပိတ်)နှင့်ပတ်သက်၍ ‌နိုင်ငံတော်အစိုးရ ထုတ်ပြန်ချက်များအားဒေသခံ ပြည်သူများ ပါဝင်မှုမရှိစေရေးအတွက်ခရိုင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သောအဖွဲ့သည် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ ညနေ(၃)နာရီက မြို့မဈေးကြီးအတွင်း ဈေးရောင်း/ဈေးဝယ်များကို ဖြန့်ဝေခဲ့ကြသည်။

 အဆိုပါလက်ကမ်းစာစောင်တွင် ဒေသခံပြည်သူများအနေဖြင့် အကြမ်းဖက်အုပ်စုအဖြစ်ကြေညာ ထားသော CRPH/NUG နှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားပျက်ပြားစေရန် ရည်ရွယ်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်စာမျက်နှာများမှတဆင့် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိခြင်းကြောင့် ပြည်သူများ အနေဖြင့် ၎င်းတို့၏လှုံ့ဆော်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍လိုက်ပါ ဆောင်ရွက်ခြင်းဖြစ်စေ၊ အသံဖြင့်ဖြစ်စေ လှုံ့ဆော်ခြင်း၊ ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ အစရှိသည်တို့ကို ပြုလုပ်မိပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့် Silent Strike (အသံတိတ်သပိတ်)တွင် ပါဝင်ခြင်းမရှိဘဲ မိမိလုပ်ငန်းဆောင်တာများကို အေးချမ်းစွာ လုပ်ကိုင်ဆောင်ရွက် နိုင်ပါကြောင်း စသည့်အချက် များပါဝင်ကြောင်း သိရသည်။

သတင်း - ဇော်ဝင်းအောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)