မိတ္ထီလာမြို့နယ် ကံသာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာမြို့နယ် ကံသာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ


MNP - ဇန်နဝါရီ    ၂၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကံသာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀နာရီအချိန်က အဆိုပါကျေးရွာရှိ  ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း  သိရသည်။

ရှေးဦးစွာ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၆)လတွင် မြို့နယ်အတွင်း၌ မြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေကို တစ်ယူနစ်သာ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထောက်ပံ့ငွေမှာ တစ်ယူနစ်လျှင် ငွေကျပ် သိန်း(၃၀၀) ခွင့်ပြုထောက်ပံ့မည်ဖြစ်ကြောင်း၊ အဆိုပါ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကို ကျေးရွာသူကျေးရွာသားများမှ ချေးငွေရယူပြီး ကျေးရွာမှ တစ်နိုင်တစ်ပိုင် မွေးမြူရေး၊ စိုက်ပျိုးရေး၊ အရောင်းအဝယ်၊ ကုန်ထုတ်လုပ်ငန်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတော်မှချမှတ်ထားသည့် ကျေးလက်ဒေသ ဆင်းရဲမှုလျော့ချရေးနှင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ခံစားရရှိမှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက်   လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်နှင့် တာဝန်ရှိသူများက  မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် သိန်း(၃၀၀) ကို ကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၈၈ ဦးအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို   မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်နှင့် တာဝန်ရှိသူများ၊ ကန်သာကျေးရွာမှ မြစိမ်းရောင် ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - သိန်းမြင့်ကျော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)