ကျောက်ဆည်မြို့၊ဘောဂဝတီရပ်ကွက် မင်းရဲဆည်ဘောင်လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့၊ဘောဂဝတီရပ်ကွက် မင်းရဲဆည်ဘောင်လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်



MNP - ဇန်နဝါရီ    ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပေစေရး အတွက် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် မြို့တွင်းလမ်း/တံတားများ ပြုပြင် ဆောင်ရွက် ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ဘောဂဝတီရပ်ကွက် မင်းရဲဆည်ဘောင်လမ်းအား ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ်(၈.၆၈၈)သန်း အကုန် အကျခံကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ယူ၍ အရှည်(၉၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၉) လက်မ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများရာ နှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါလမ်းအား  ကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းကြောင့် ဘောဂဝတီရပ်ကွက်အတွင်းမှ အိမ်ထောင်စု(၁၁၀၂)စု၊ လူဦးရေ(၄၉၉၈)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ ပိုမိုတိုးတက်လာ တော့မည်ဖြစ်ကြောင်း သိရှိရသည်။

သတင်း - သက်မောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)