တာချီလိတ်မြို့ ဝမ်လုံး Quarantine Center အတွက် ကိုဗစ်အထောက်အကူပြုပစ္စည်းများလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့ ဝမ်လုံး Quarantine Center အတွက် ကိုဗစ်အထောက်အကူပြုပစ္စည်းများလှူဒါန်း



MNP - ဇန်နဝါရီ    ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဝမ်လုံး Quarantine Center အတွက် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ယနေ့ နံနက် ၉ နာရီက လှူဒါန်းခဲ့ကြောင်းသိရသည်။

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တာချီလိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သီတာခိုင်နှင့် ဝန်ထမ်းများက ဝမ်လုံး Quarantine Centre တွင် အသုံးပြုရန်အတွက် ရေသန့်(၂၀)ကတ်၊ Royal-D (၃)ကတ်၊ အသင့်စား ခေါက်ဆွဲဘူး(၃)ကတ်၊ Mask( ၅၀)ဘူး၊ ခေါင်းစွပ်(၁၀၀)ခု၊ လက်ဆေး Spray (၃)ကတ်၊ လက်ဆေး Hand Jel (၆)ဘူး၊ လက်အိတ်(၁)ဘူး၊ ကြက်ဥ(၁၆)ကတ်တို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်နှင့် ကိုဗစ် Centre တာဝန်ခံ၊ မေတ္တာရှင်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးဘိုစံတို့က လက်ခံရယူခဲ့သည်။

အဆိုပါ ဝမ်လုံး Quarantine Center တွင် ဇန်နဝါရီ ၂၀ ရက်နေ့က ထိုင်းနိုင်ငံမှပြန်လည် ဝင်ရောက် လာသူ ၁၇၉ ဦး Quarantine ဝင်လျက်ရှိပြီးကြောင်းသိရသည်။

သတင်း - ယာဆေး 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)