ဘုတ်ပြင်းမြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်‌ရေးအဖွဲ့က ထုတ်ပြန်ထားသော သတင်းထုတ်ပြန်ချက်များနှင့် သိရှိစေရန်တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘုတ်ပြင်းမြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်‌ရေးအဖွဲ့က ထုတ်ပြန်ထားသော သတင်းထုတ်ပြန်ချက်များနှင့် သိရှိစေရန်တွေ့ဆုံဆွေးနွေး

 




MNP - ဇန်နဝါရီ   ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသော သတင်းထုတ်ပြန်ချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပေးဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းမတွင် ပြလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များဝင်များနှင့် ဌာနဆိုင်ရာများအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများ နှင့် တရားမဝင်အဖွဲ့အစည်းများဖြစ်သော  CRPH၊ NUG များက နှစ်ပတ်လည်နေ့တွင် သပိတ်မျိုးစုံ ပြုလုပ်မှာဖြစ်သောကြောင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အများပြည်သူများအနေဖြင့် လိုက်ပါဆောင် ရွက်ခြင်းမပြုနိုင်ရေး ခေါ်ယူတွေ့ဆုံရခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ က ထုတ်ပြန်ထားသော သတင်းထုတ်ပြန်ချက်အား ဖတ်ကြားပြီး ထုတ်ပြန်ချက်နှင့်ပတ်သက်၍ နိုင်ငံတော်က ထိထိရောက်ရောက် ဆောင်ရွက်မှာဖြစ်သောကြောင့် ပြည်သူများနှစ်နာမှုမရှိအောင် မိမိတို့အနေဖြင့် ထပ်ဆင့်မျှဝေးပေးကြရန်နှင့် လိုက်နာဆောင်ရွက် ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား တင်ပြဆွေးနွေးကြပြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့‌ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)