ဒေါ်အောင်ဆန်းစုကြည်ကို ဆွဲဆိုထားသည့်အမှုများအနက်ဒီကနေ့( ၃)မှု အား ထောင်ဒဏ် ( ၄)နှစ်ထပ်မံချမှတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေါ်အောင်ဆန်းစုကြည်ကို ဆွဲဆိုထားသည့်အမှုများအနက်ဒီကနေ့( ၃)မှု အား ထောင်ဒဏ် ( ၄)နှစ်ထပ်မံချမှတ်


MNP - ဇန်နဝါရီ   ၁၀

ဒေါ်အောင်ဆန်းစုကြည်ကို ဆွဲဆိုထားတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အမှု ၊ ပိုကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အမှုနဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အမှုများအတွက် ဇန်နဝါရီ (၁၀)ရက်ဒီကနေ့၌နေပြည်တော်ရှိအထူးတရားရုံးကထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ် သူများကဆိုသည်။

 ဒေါ်အောင်ဆန်းစုကြည်ဟာ ဟေမန်ကျေးရွာက ဦးညီညီ(ခ) ဦးထွန်းမြင့်အောင် တရားလိုပြုလုပ် စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ ပိုကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ အမှုအတွက် ထောင်ဒဏ် ၂ နှစ်နဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အမှုအတွက်က ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့ဖြစ်ပါတယ်။

သို့သော်လည်း ပိုကုန်သွင်းကုန်ဥပဒေနဲ့ ဆက်သွယ်ရေးဥပဒေအမှုနှစ်မှုအတွက်က ပြစ်ဒဏ်တွေကို တစ်ပေါင်းတည်းကျခံဖို တရားရုံးက အမိန့်ချမှတ်ခဲ့တာဖြစ်တဲ့အတွက် အမှု ၃ မှုပေါင်းကို ထောင်ဒဏ် ၄ နှစ်သာ ကျခံရမှာဖြစ်တယ်လို့ သိရပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်ဟာ ယခုထောင်ဒဏ်များမတိုင်မီ ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၅)နဲ့က ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်က ချမှတ်ခံရပြီး ယင်းထောင်ဒဏ် ၄ နှစ်အနက် ထောင်ဒဏ် ၂ နှစ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်က ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့တဲ့အတွက် ယခုပြစ်ဒဏ် ၄ နှစ်အပါအဝင် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ကျခံရမှာဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)