MNP - ဇန်နဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက်ရှိကာ ယမန်နေ့က အလှူရှင်များက အသင်းရုံးသို့ အလှူငွေ များ လာရောက်လှူဒါန်းခဲ့သည်။
အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများနှင့် သေဆုံးပြီးသူများအား အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေး ကူညီမှုအသင်းနှင့် တာဝန်ရှိသူများက ခေါ်ယူပို့ဆောင်ပေးလျက်ရှိရာ လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ကွယ်လွန်သူ (ဒေါ်မြသန်း)အား ရည်စူး၍ ဦးလှထွေး+ဒေါ်စန်းရီ မိသားစုမှ အလှူ ငွေကျပ်(၃)သိန်း၊ ကွယ်လွန်သူ(ဦးတင်ထွန်း)အား ရည်စူး၍ ကျန်ရစ်သူမိသားစုမှ အလှူငွေကျပ် (၁)သိန်း၊ ကွယ်လွန်သူ(ဒေါ်မြင့်)အား ရည်စူး၍ ကျန်ရစ်သူ မိသားစုမှ အလှူငွေကျပ် (၁)သိန်း၊ ကွယ်လွန်သူ(ဒေါ်တင်) အား ရည်စူး၍ ကျန်ရစ်သူမိသားစုမှ အလှူငွေကျပ်(၅)သောင်းနှင့် ဒေါ်ကေသီဦး (၅၂) နှစ်ပြည့် မွေးနေ့အလှူအဖြစ် အလှူငွေကျပ်(၅)သောင်း တို့ကို အသီးသီး လာရောက်လှူဒါန်းရာ စိန်ရတနာနာရေး ကူညီမှုအသင်းမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရ သည်။
သတင်း - ဇွဲထက်ကို
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment