ကျုံပျော်မြို့နယ်အတွင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိုနှိုင်း ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျုံပျော်မြို့နယ်အတွင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိုနှိုင်း ဆွေးနွေး


MNP - ဇန်နဝါရီ     ၂၇

ဧရာဝတီတိုင်းဒေသကြီး၊  ကျုံပျော်မြို့နယ်အတွင်း လာမည့်  ဖေဖော်ဝါရီ  ၁ ရက်နေ့တွင် အသံတိတ်သပိတ် ပြုလုပ်ခြင်း၊ ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ်တီးခြင်း၊  အခြားနည်းလမ်းတစ်ခုခုဖြင့် ဆန္ဒဖော်ထုတ်ခြင်း  မပြုလုပ်ရန် တားမြစ်မိန့်ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရှိမှုနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေး အတွက်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ယမန်နေ့  နေ့လည်ပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇေယျမင်းက အမှာစကားများ ပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတို့မြို့နယ်အတွင်း၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရှိမှုနှင့် အသံတိတ်သပိတ်ပြုလုပ်ခြင်း၊ ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ်တီးခြင်း၊ အခြားနည်းလမ်းတစ်ခုခုဖြင့် ဆန္ဒဖော်ထုတ်ခြင်းများ မပြုလုပ်ကြစေရန်အတွက် လှည့်လည်အသိပေး ကြေငြာဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ဌာနအလိုက် ဝန်ထမ်းများအား ထပ်ဆင့်အသိပေး ရှင်းလင်းခြင်းတို့ကို ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကလည်း လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)