(၇၅)နှစ်မြာက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုဖလား အသက်(၃၀)နှစ် အထက် (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြာက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုဖလား အသက်(၃၀)နှစ် အထက် (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ




MNP - ဇန်နဝါရီ    ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီ နာယကမှ ဦးစီးကျင်းပသော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်း အမှတ်၊ ပြည်ထောင်စုဖလား အသက်(၃၀)နှစ်အထက် (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို မူဆယ်ပြည်ထောင်စု အကစားကွင်းကြီးတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ သည်။   ရှေးဦးစွာ မူဆယ်ခရိုင် အားကစားနှင့် ကာယပညာကော်မတီနာယက၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးမှ ဒေသတွင်းအားကစားသမားများ၏ ချစ်ကြည်ရင်းနှီးမှု၊ မိမိကိုယ်စားပြုအသင်း များ၏ ဂုဏ်ကို ဖော်ဆောင်နိုင်မှုများဖြင့် မြို့နယ်မှတစ်ဆင့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း၏ အားကစားအဆင့်အတန်း အမြဲတိုးတက်နေအောင် အားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန် အမှာ စကား ပြောကြားပြီးနောက် စစ်ကြောင်းမှူးမှ အလေးပြုချီတက်ခြင်းဖြင့် ဦးဆောင်၍ ဘောလုံး အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက်ကို ရွတ်ဆိုခဲ့ကြသည်။           

ထို့နောက် မူဆယ်ခရိုင် အားကစားနှင့် ကာယပညာကော်မတီနာယက ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးမှ ပြိုင်ပွဲဝင်အသင်း(၇)သင်းအား ဘောလုံးများ ပေးအပ်ခဲ့သည်။ ယင်းနောက် မူဆယ်ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဘောလုံးဝါသနာရှင်များသည် ရွှေမိုင်းယု FC နှင့် ရဲတံခွန် FC တို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။                                                      

အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ ပြည်ထောင်စုဖလား  အသက် (၃၀)နှစ်အထက်(အမျိုးသား) ဘောလုံးပြိုင်ပွဲအား ဇန်နဝါရီလ(၂၇)ရက်နေ့မှ ဖေဖော်ဝါရီလ (၁၀)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာ အုပ်စုများမှ ပြိုင်ပွဲဝင် ဘောလုံးအသင်း (၇) သင်းတို့က ပါဝင်ကာ အုပ်စု(၂)ခွဲ၍ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ဘောလုံးပြိုင်ပွဲ ကျင်းပနေစဉ်အတွင်း အသန့်ရှင်းဆုံး အားကစားသမားဆုနှင့် အသန့်ရှင်း ဆုံး အားကစား အသင်းဆုများကိုလည်း ရွေးချယ်ပြီး ဆုများပေးအပ်သွားမည် ဖြစ်ကြောင်းကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကားမှူးထံက သိရသည်။

သတင်း - ချယ်ရီမြေ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)