သီပေါမြို့နယ် တိုက်ပွဲရှောင်စခန်းများတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ် တိုက်ပွဲရှောင်စခန်းများတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

 


MNP - ဇန်နဝါရီ    ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် တိုက်ပွဲရှောင်စခန်းများ တွင်ရောက်ရှိနေ သော တိုက်ပွဲရှောင်ပြည်သူများအား မြို့နယ်တိုက်ပွဲရှောင်ပြည်သူများ ကူညီကယ်ဆယ် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ကြီးကြပ်ရေးကော်မတီမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက တောင်မြို့ရပ်ကွက်ရှိ (၂၅၀၀) ကျောင်းတိုက် တိုက်ပွဲရှောင်စခန်းနှင့် ဘော်ကြိုကျေးရွာအုပ်စု၊ ဘော်ကြိုဘုရားကြီးဓမ္မာရုံ တိုက်ပွဲရှောင်စခန်းများသို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တောင်မြို့ ရပ်ကွက်၊ (၂၅၀၀)ကျောင်းတိုက်နှင့် ဘော်ကြိုကျေးရွာအုပ်စု၊ ဘော်ကြို ဘုရားကြီးဓမ္မာရုံ တိုက်ပွဲရှောင်စခန်းများရှိ တိုက်ပွဲရှောင်ပြည်သူ (၃၇၉)ဦးအတွက် မြို့နယ် တိုက်ပွဲရှောင် ပြည်သူများ ကူညီကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ကြီးကြပ်ရေး ကော်မတီမှ ထောက်ပံ့ငွေ (၆၀၀၀၀၀)ကျပ်နှင့် ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီမှ (၇)ရက် စာဆန်ရိက္ခာထောက်ပံ့ငွေ (၃၆၇၅၀၀)ကျပ်တို့ကို မြို့နယ်တိုက်ပွဲရှောင် ပြည်သူများကူညီ ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးဝင်းနှင့် အဖွဲ့ဝင်များမှ သွားရောက်ပေးအပ်ရာ အဆိုပါ တိုက်ပွဲရှောင်စခန်း တာဝန်ရှိသူများနှင့် တိုက်ပွဲရှောင် ပြည်သူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲရှောင်ပြည်သူများ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးကိစ္စရပ်များ အဆင်ပြေစေ ရေးအတွက် မြို့နယ်တိုက်ပွဲရှောင် ပြည်သူများကူညီ ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက် ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ခင်လေး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)