ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ





MNP - ဇန်နဝါရီ    ၂၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ မြန်မာ့သိုင်း ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ(၃)နာရီခွဲက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပသည်။

ဆက်လက်၍ အမျိုးသမီး ၅၇-၆၁ ကီလိုတန်း ဗန်တိုလက်သိုင်းအတိုက်ပြိုင်ပွဲ အမျိုးသား ၄၅-၅၀ ကီလိုတန်း ဓါးတစ်လက် အတိုက်ပြိုင်ပွဲနှင့် အမျိုးသား ၅၃-၅၇ ကီလိုတန်း ဗန်တိုလက်သိုင်းအတိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်နေမှုကို ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးကြပြီး ဆုချီးမြှင့်ပွဲ ကျင်းပရာ အမျိုးသားအမျိုးသမီး(၄၅-၄၉)ကီလိုဗန်တိုအတိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ အမျိုးသား အမျိုးသမီး(၄၉-၅၃)ကီလိုဗန်တိုအတိုက်တွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆုရရှိသူများ အမျိုးသား အမျိုး သမီး (၅၃-၅၇)ကီလို ဗန်တိုအတိုက်တွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယ ဆုရရှိသူများ၊ အမျိုးသား(၅၇-၆၁)ကီလိုဗန်တို အတိုက်တွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆုရှိသူများကို မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဆုများချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုး သမီး (၅၇-၆၁)ကီလိုဗန်တိုအတိုက် အမျိုးသား(၆၁-၆၅)ကီလိုဗန်တိုအတိုက် အမျိုးသမီး(၆၁-၆၅) ကီလိုဗန်တို အတိုက်တွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းမှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသား(၆၅-၆၉)ကီလို ဗန်တိုအတိုက်တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ အမျိုးသမီး(၄၀- ၄၅)ကီလိုဓား(၁)လက် အတိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ အမျိုးသား(၄၅-၅၀)ကီလိုဓား(၁)လက်အတိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ ပူးတွဲ တတိယဆုရှိသူများကို ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံမှ ဆုများချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသမီး (၄၅-၅၀)ကီလို ဓား(၁)လက်အတိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ အမျိုးသား (၅၀-၅၅) ကီလို ဓား(၁)လက်အတိုက်တွင် ပူးတွဲတတိယ၊ ဒုတိယ၊ ပထမဆု ရရှိသူများ၊ အမျိုးသမီး(၅၀-၅၅)ကီလို ဓား(၁)လက်အတိုက်တွင် ဒုတိယ၊ ပထမဆုရရှိသူများကို တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းမှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသား(၄၅-၅၀)ကီလို ဓား(၂)လက် အတိုက်ပြိုင်ပွဲတွင် ပူးတွဲတတိယ၊ ဒုတိယ ပထမဆုရရှိသူများ၊ အမျိုးသမီး (၄၅-၅၀-၅၅)ကီလိုဓား(၂)လက်အတိုက်တွင် ဒုတိယ၊ ပထမဆု ရရှိသူများ၊ အမျိုးသား (၅၀-၅၅)ကီလိုဓား (၂)လက်အတိုက်တွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကိုမှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အမျိုးသား (၅၅-၆၀)ကီလို ဓား(၂)လက် အတိုက်ပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများ (၃)ဦးတွဲ စွမ်းရည်ပြ(၆၃)မောင်းပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသူများကို ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်မှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ စွမ်းရည်ပြဓား(၂)လက် အပြပြိုင်ပွဲတွင် ဒုတိယ၊ ပထမဆု ရရှိသူများ၊ စွမ်းရည်ပြဓား (၁)လက်အပြပြိုင်ပွဲတွင် ဒုတိယ၊ ပထမဆုရရှိသူများနှင့် စုပေါင်းတံခွန်စိုက် ရရှိသွားသော လင်းခေးမြို့နယ်အား တံခွန်စိုက်ဖလားတို့ကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က ဆုများသီးသီးချီးမြှင့်ပေးကြကြောင်း သိရှိရသည်။

သတင်း - မောင်မောင်သန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)