စဉ့်ကိုင်မြို့နယ်တွင်အသက်(၈၅)နှစ်အထက်သက်ကြီးအဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

စဉ့်ကိုင်မြို့နယ်တွင်အသက်(၈၅)နှစ်အထက်သက်ကြီးအဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့





MNP - ဇန်နဝါရီ    ၁၀

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမ (၃)လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လတို့အတွက် အသက်(၈၅)နှစ်နှင့် အထက်  သက်ကြီး ဘိုးဘွားများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ  ထောက်ပံ့ငွေများပေးအပ်ရာတွင်   မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန    ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး  ဦးဝင်းဝင်းစိုးက  သက်ဆိုင်ရာ  ရပ်ကွက်/ကျေးရွားအုပ်စု  အုပ်ချုပ်ရေးမှူး များအား အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရခြင်းကို ရှင်းလင်းပြောကြားခဲ့ပြီး  ရပ်ကွက်/ကျေးရွာအုပ်စု  (၅၂)အုပ်စု အတွင်းရှိ အသက် (၈၅)နှစ် အထက် သက်ကြီးဘိုးဘွား(၇၁၁)ဦးအတွက် တစ်ဦးလျှင်ထောက်ပံ့ငွေကျပ်  (၃၀၀၀၀)နှုန်းဖြင့်   စုစုပေါင်း ထောက်ပံ့  ငွေကျပ် (၂၁၃၃၀၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - အောင်ပိုင်ပိုင်ကျော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)