MNP - ဇန်နဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုး သမီးရေးရာအဖွဲ့ နာယက ဖလား အဖွဲ့ (၂၆)မြို့နယ်၊ အသက်(၂၅)နှစ်အောက် အမျိုးသမီးကာယကြံ့ခိုင်မှု့ လေ့ကျင့်ခန်း (အေရိုးဗစ်) (၅)ယောက်တွဲ၊ အခြေခံ (၄၆)ကွက်ပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ (၂)ရက်နေ့အထိ ပုသိမ်မြို့၊ ကိုးသိန်းအားကစားပြိုင်ပွဲရုံတွင် ကျင်းပပြု လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အင်္ဂပူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အနေဖြင့် အဆိုပါအေရိုးဗစ်ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများအား လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယကဖလား (၂၆)မြို့နယ်၊အသက် (၂၅)နှစ်အောက် အမျိုးသမီးကိုယ် ကာယကြံခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်) ၅ ယောက်တွဲ အခြေခံ (၄၆)ကွက် လေ့ကျင့်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အားပေးစကား ပြောကြားခဲ့သည်။ ဧရာဝတီတိုင်းအတွင်း (၂၆)မြို့နယ်လုံး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မြို့နယ်များအလိုက် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းခိုင်၏ ပြောကြားချက်အရ သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment