MNP - ဇန်နဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် မဲဘလန်ကျေးရွာအုပ်စု သရက်ပင်ကြီးကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် ရေစက်ရုံဂါလံ(၂၀၀၀)ဆံ့ ရေကန်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်မျိုးအောင်နှင့် တာဝန် ရှိသူများက ယမန်နေ့က သွားရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။
အဆိုပါ စက်ရေတွင်းတူးဖော်ခြင်းနှင့် ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းအတွက် ပြည်ထောင်စုရန်ပုံငွေဖြင့် ၄ လက်မ ၅၀၀ပေတွင်းနက် တူးဖော်ခြင်းနှင့်(၁၀ပေ× ၈ပေ×၈ပေ) ရေစက်ရုံဂါလံ(၂၀၀၀) ဆံ့ရေကန် တူးဖော်ခြင်းအတွက် ကုန်ကျမူ(၁၅.၉၂၀)ကျပ်သန်း အကုန်အကျခံကာ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးထံမှ သိရသည်။
၎င်းစက်ရေတွင်း တူးဖော်ခြင်းဆောင်ရွက်ခြင်းကို ဇန်နဝါရီလဆန်းပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိပြီး ရေစက်ရုံ တည်ဆောက်ခြင်းအတွက် ပစ္စည်းများစုဆောင်းထားပြီးဖြစ်ကာ ယခုအခါ ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်၍ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း အပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment