မိတ္ထီလာတွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာတွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးမည်



MNP - ဇန်နဝါရီ    ၁ဝ

မိတ္ထီလာမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဇန်ဝါရီလ ၁၂ ရက်နေ့တွင် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းက ကျီတော်ကုန်း၊ ရတနာမာရ်အောင်၊ နန်းတော်ကုန်း၊ အလည်ရွာ၊ ရန်မျိုးအောင်၊ မြောက်လည်၊ ကွက်ငယ်၊ ရေဝေ၊ မောက်လောက်၊ မကျီးစု၊ ဆပ်ပြာကျင်း၊ ပြည်သာယာ(တ)၊ ပြည်သာယာ(မ) ၊ ကြွယ်ကန်၊ ဈေးအရှေ့ပြင်၊ သီရိမင်္ဂလာ၊ မြာ၊ အုံတုံ၊ ဝန်ဇင်း၊ မုန်တိုင်၊ သီးကုန်း၊ အင်း၊ သီးပင်ကုန်း၊ အောင်ဇေယျာ၊ ကန်သာ၊ ရွှေစစ်သည်၊  ရှမ်းမငယ်၊ ညောင်ကန် စတဲ့ ရပ်ကွက်ကျေးရွာအုပ်စုများမှာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လုံးဝမထိုးရသေးဘဲ ကျန်ရှိနေတဲ့ဒေသခံပြည်သူတွေကို ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးများ ဆက်လက် ထိုးနှံပေးသွားမှာဖြစ်ပြီး ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးသူများကို ဒုတိယအကြိမ် ထိုးနှံပေးသွားမှာဖြစ်ပါတယ်ဟု မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများအားကို ဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးခြင်းလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ သက်ဆိုင်ရာ ဒေသတာဝန်ရှိသူများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - ချမ်းသာ                                                                   

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)