ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အကြို ပြည်နယ်အတွင်း ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုပေးပွဲတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အကြို ပြည်နယ်အတွင်း ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် ဆုပေးပွဲတက်ရောက်




MNP -  ဇန်နဝါရီ    ၃၀

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူးတို့နှင့်အတူ ဇန်နဝါရီလ ၂၉ ရက်နေ့နံနက်ပိုင်းက သံတွဲမြို့နယ်၊ ငပလီမြို့ရှိ၊ ငပလီကမ်းခြေဂေါက်ကလပ်၌ ကျင်းပသည့်  (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို ပြည်နယ်အတွင်း ဖိတ်ခေါ်ဂေါက်သီး ရိုက်ပြိုင်ပွဲနှင့် ဆုပေးပွဲတက်ရောက်သို့ တက်ရောက်ကြသည်။

ရှေးဦးစွာ(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို ပြည်နယ်အတွင်း ဖိတ်ခေါ်ဂေါက်သီး ရိုက်ပြိုင်ပွဲကိုကျင်းပရာ ပြိုင်ပွဲအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ဂေါက်သီး ရိုက်ကာ ဖွင့်လှစ်ပေးခဲ့ကြပြီး ပြိုင်ပွဲဝင်အားကစားသမားများက သတ်မှတ်တီခုံများမှ စတင်ကာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ညနေပိုင်းတွင် ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲဆုချီးမြှင့်ပွဲကို သံတွဲမြို့ ဒွါရာဝတီခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က အမှာစကားပြောကြား ကြပြီး ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ဦးဖိုးရီအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုရရှိကြသည့် ဂေါက်သီး ရိုက်အားကစားသမားများအား ဆုတံဆိပ်နှင့် ငွေသားဆုများအားလည်းကောင်း၊ ဝန်ကြီးချုပ်နှင့် တိုင်းမှူးက ဖျော်ဖြေရေးအဖွဲ့နှင့် တေးဂီတအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများအားလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲသို့ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ဂေါက်သီးရိုက်အားကစားသမား(၁၀၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဖိတ်ခေါ် ဂေါက်သီးရိုက်ပွဲကို ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှုဖော်ညွှန်းသည့် အနေဖြင့်လည်းကောင်း၊  ငပလီဟိုတယ်ဇုန်ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်ပြီးလည်း ကောင်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သတင်း - တင်ထွန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)