MNP ၊ ဇန်နာဝါရီ ၂၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးဆန်းဝင် ဦးဆောင်၍ အခြေခံ ငါးမွေးမြူရေးနှင့် ရေချိုငါးဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်း (ဒုတိယအကြိမ်) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဘူးသီးတောင်မြို့နယ် ကကျဘက်ကံပြင် ငါးသားဖောက်စခန်း၌ ကျင်းပသည်။
ရှေးဦးစွာ ဘူးသီးတောင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးဆန်းဝင်းက ၌ အခြေခံ ငါးမွေးမြူရေးနှင့် ရေချိုငါးဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်း (ဒုတိယအကြိမ်)သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းဆရာများဖြစ်သည့် စခန်းတာဝန်ခံ ဦးကျော်လင်းထွန်း (လ/ထ) ဦးစီးမှူး၊ ဦးကျော်ဝင်းအောင် (ဒု လ/ထ) ဦးစီးမှူး တို့က GAQP ကျင့်စဉ်အတိုင်း မွေးမြူရာတွင် လိုက်နာရမည့် အခြေခံမူ (၄) ရပ်ကို ခေါင်းစဉ်တစ်ခုချင်းအလိုက် သင်ကြားပို့ချခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းအား သင်တန်းသား (၂၃)ဦး တက်ရောက်ကြပြီး ဇန်နဝါရီလ (၂၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ (၂) ရက် ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
ဘူးသီးတောင်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ငါးလုပ်ငန်းရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေပြီး ငါးရိက္ခာဖုံလှုံစေရန် ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုဘဝ မြှင့်မားလာစေရန်နှင့် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု ဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သတင်း - လှကျော်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment