အစွန်းရောက် အကြမ်းဖက် NLD ပါတီကို ဖျက်သိမ်းပေးပါ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစွန်းရောက် အကြမ်းဖက် NLD ပါတီကို ဖျက်သိမ်းပေးပါ


မြန်မာနေရှင်နယ်ပို့စ်မှ တဆင့် နိုင်ငံတော်အကြီးအကဲများအား အလေးအနက်တောင်းဆိုလိုပါသည်။ ကျွန်တော်တို့ မိသားစုသည် တပ်မတော်က အာဏာထိမ်းခဲ့သည့်ကာလအတွင်း NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် PDF အကြမ်းဖက်သမားများ၏ နေအိမ်များမီးရှို့ဖျက်ဆီးခြင်း၊ မိသားစုဝင်များကို သတ်ဖြတ်ခြင်း ခံခဲ့ရသည့် မိသားစုဝင်များထဲမှ ဖြစ်ပါသည်။


ကျွန်တော်တို့ မိသားစုဝင်များသည် နိုင်ငံရေးအစွန်းရောက်အတွေးများဖြင့် မည်သည့် မိသားစုကိုမှ အိုးမဲ့အိမ်မဲ့ဖြစ်အောင် မလုပ်ခဲ့ကြပါ။ လုပ်ကြံသတ်ဖြတ်ခြင်းလည်း မရှိခဲ့ပါ။ ဘယ်တုန်းကမှလည်း ယခုကဲ့သို့သော ဖြစ်ရပ်ဆိုးမျိုး မကြုံခဲ့ရဖူးပါ။ ဒီမိုကရေစီအခွင့်အရေးအရ မိမိတို့အနေဖြင့် လွတ်လပ်စွာ အားပေးခွင့် ရှိသည်၊ ၎င်းတို့အနေဖြင့် အခြားသော ပါတီအဖွဲ့အစည်းကို အားပေးသည့်အပေါ်တွင်လည်း ရန်ပြုစော်ကားခဲ့ခြင်း မရှိပါ။


ကျွန်တော်တို့ ကြုံတွေ့ခဲ့ရသည်မှာ NLD ထောက်ခံသူများသည် ၎င်းတို့ လုပ်ဆောင်သကဲ့သို့ ပူးပေါင်းလုပ်ဆောင်ခြင်း မရှိသည်ကို အကြောင်းပြုကာ ရန်ရှာ စော်ကားရုံမျှမက နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းကြောင့် တိမ်းရှောင်ထွက်ပြေးရသည်။ တိမ်းရှောင်ထွက်ပြေးရာသို့ လိုက်လာပြီး မိသားစုဝင်များကို ရက်ရက်စက်စက် သတ်ဖြတ်သည်။

ကျွန်တော်တို့ မိသားစုကဲ့သို့ပင် NLD အစွန်းရောက်များ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ အများအပြား ရှိပါသည်။ NLD အစွန်းရောက်များ၏ သတ်ဖြတ်မှုကြောင့် ရဟန်းသံဃာတော်များအပါအဝင် အပြစ်မဲ့ ပြည်သူပေါင်း ၂၀၀၀ နီးပါး သေဆုံးခဲ့ရသည်ဟု သတင်းများ ကြားသိရပါသည်။


မိမိကိုယ်တိုင် ကိုယ်တွေ့ခံစားရသကဲ့သို့ အခြားသော မိသားစုဝင်များ မည်သို့ ခံစားရမည်ကိုလည်း စာနာနားလည်မိပါသည်။ NLD အစွန်းရောက်များက CRPH, NUG, PDF မည်သို့ပင် အမည်အမျိုးမျိုး အသုံးပြုထားစေကာမူ NLD အာဏာလက်မဲ့ ဖြစ်သွားချိန်တွင် NLD ဦးဆောင်သူများ ဖွဲ့စည်းထားသည့် နိုင်ငံတော်က အကြမ်းဖက်အဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများပင် ဖြစ်ပါသည်။


နိုင်ငံတော်တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်တာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့သည်ဟု ယုံကြည်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံတော်တာဝန်ရှိသူများ အလေးထားသည် ဆိုပါလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်၍ အကြမ်းဖက်အဖွဲ့အစည်းမျိုးစုံ ဖွဲ့စည်းပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို နည်းမျိုးစုံဖြင့် ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့သော NLD ပါတီကို အဘယ်ကြောင့် မဖျက်သိမ်းပါသနည်း။ ကျွန်တော်တို့ ကိုယ်တွေ့ NLD များ၏ အကြမ်းဖက်မှုကို ခံခဲ့ရပြီး ဖြစ်ပါသည်။ နိုင်ငံတော်တာဝန်ရှိသူများအနေဖြင့် လုံခြုံရေး အစောင့်အရှောက် အပြည့်ဖြင့် ကာကွယ်နိုင်ခြင်းကြောင့် NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ ရန်ပြုစော်ကား လုပ်ကြံသတ်ဖြတ်လိုခြင်းဘေးမှ ကင်းဝေးရခြင်း ဖြစ်ပါသည်။ အစောင့်အရှောက်မဲ့ ကျွန်တော်တို့ ပြည်သူများမှာတော့ မိသားစုဝင်များကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းအပေါ် လက်တုန့်ပြန်နိုင်ခြင်းမရှိဘဲ ခေါင်းငုံ့ခံခဲ့ရပြီး ဖြစ်ပါသည်။


နိုင်ငံတော်အကြီးအကဲများအနေဖြင့် ဥပဒေကို အလေးထား၍ အမှန်တကယ် ဆောင်ရွက်နေသူများ ဆိုပါလျှင် NLD အစွန်းရောက် အကြမ်းဖက်များ၏ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ရသော ရဟန်းရှင်လူပြည်သူများ၊ ဆရာ/ဆရာမ ဆုံးရှုံးခဲ့ရသည်ကို မျက်မြင်ထင်ရှားတွေ့ရှိခဲ့ရပြီး ဖြစ်ပါသည်။ ကျွန်တော်တို့ မိသားစုဝင်များ သေရာမှ ပြန်ရှင် မလာနိုင်တော့ပါ။ ကျွန်တော်တို့ မိသားစုဝင်များကို လုပ်ကြံသတ်ဖြတ်ခဲ့သူများမှာ NLD ထောက်ခံသူ NLD ပါတီဦးဆောင်သူများ ဖြစ်ပါသည်။


ထိုသို့ အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူများအပေါ် ရက်စက်ယုတ်မာခဲ့သော ပါတီအဖွဲ့အစည်းအား နောက်တစ်ကြိမ် ရှင်သန်ခွင့် မပေးသင့်တောပါ။ နောက်တစ်ကြိမ် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် ယုတ်မာရက်စက်စွာ အကြမ်းဖက်ခွင့် မပြုသင့်တောပါ။ NLD အစွန်းရောက် အကြမ်းဖက်ပါတီအား ဥပဒေနဲ့အညီ အမြန်ဆုံး ဖျက်သိမ်းပေးပါရန် NLD ပါတီဝင်တို့၏ ရက်စက်ယုတ်မာ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်ခြင်းကြောင့် မိသားစုဝင်များ ဆုံးရှုံးခဲ့ရသည့် ပြည်သူတစ်ဦးအနေဖြင့် အလေးအနက် တောင်းဆိုအပ်ပါသည်။


အကြမ်းဖက်ဘေးရှောင် ပြည်သူတစ်ဦး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)