MNP - ဇန်နဝါရီ ၂၇
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးအတွက် မြို့ပေါ်ရပ်ကွက်များအား ဧည့်စာရင်း စစ်ဆေးဆောင်ရွက်ခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ည ၉ နာရီက ပူးပေါင်းရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကင်းရုံးရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းရေးအဖွဲ့သည် ကင်းရုံးရပ်ကွက်၊ ဖောင်တော် ဆိပ်ကမ်းရှိ အိမ်ထောင်စု(၁၃)စုတို့မှ ကျား(၃၀)ဦး၊ မ(၂၅)ဦး၊ စုစုပေါင်း (၅၅)ဦးတို့အား ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ ထူးခြားမှုတစ်စုံတရာ မရှိခဲ့ကြောင်း သတင်းရရှိသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment