ခေါင်လန်ဖူးမြို့နယ်၊ ထရီဝမ်ဂေါင် ကျေးရွာအုပ်စု၊ ရခွီဖူးကျေးရွာ ဆိုင်ကယ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း (၄၈)ရာခိုင်နှုန်းခန့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခေါင်လန်ဖူးမြို့နယ်၊ ထရီဝမ်ဂေါင် ကျေးရွာအုပ်စု၊ ရခွီဖူးကျေးရွာ ဆိုင်ကယ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း (၄၈)ရာခိုင်နှုန်းခန့်ပြီးစီး


MNP - ဇန်နဝါရီ    ၂၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂-ခု ဘဏ္ဍာရေးနှစ်(၆)လဘတ်ဂျက်တွင် ခေါင်လန်ဖူးမြို့နယ်၊ ထရီဝမ်ဂေါင်ကျေးရွာအုပ်စု၊ ရခွီဖူးကျေးရွာ ဆိုင်ကယ်လမ်းဖောက်လုပ်ခြင်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေဖြင့်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်း၏ ၄၈ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိုင်ကယ်လမ်းသည် မဂွေဇ-ခေါင်လန်ဖူးကားလမ်းနှင့်ရခွီဖူးကျေးရွာသို့ဆက်သွယ်ထားသောလမ်းဖြစ်ပြီး လမ်းအရှည်တစ်မိုင်အား နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေကျပ်(၁၀)သန်းနှင့်ကျေးရွာလူထုမှလုပ်အားထည့်ဝင်၍ဖောက်လုပ် လျက်ရှိရာ အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုများကို ခေါင်လန်ဖူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးညီညီနှင့်တာဝန်ရှိသူများက ယခုရက်ပိုင်းအတွင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ယင်းရခွီဖူးကျေးရွာဆက်သွယ်ထားသည့်ဆိုင်ကယ်လမ်းသည်တောင်ပေါ်လမ်းဖြစ်ခြင်း၊ တောတောင် လျှိုမြောင် နှင့်ချောက်ကမ်းပါးများကိုဖြတ်ကျော်မောင်းနှင်ရသောလမ်းဖြစ်ခြင်းကြောင့် ဆိုင်ကယ်လမ်းဖောက်လုပ်ပြီးစီးပါက ဆိုင် ကယ်မောင်းနှင်သူများအတွက်များစွာအဆင်ပြေလာမည့်အပြင် ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုနှစ်အုပ်စု၊ ကျေးရွာပေါင်းခြောက်ရွာ၊အိမ်ခြေပေါင်း(၄၃)အိမ်နှင့်လူဦးရေပေါင်း(၂၆၂)ဦးတို့အတွက် ပညာရေး၊ကျန်းမာရေး၊လမ်းပန်း ဆက်သွယ်ရေးကဏ္ဍများတွင် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ခေါင်လန်ဖူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၁-၂၀၂၂-ခု ဘဏ္ဍာ ရေးနှစ်(၆)လဘတ်ဂျက်အတွင်း VDP စီမံကိန်းရန်ပုံငွေဖြင့် ဝါ့ခယ်ကျေးရွာဆိုင်ကယ်လမ်းဖောက်လုပ်ခြင်းတစ်မိုင်၊ နမ်ဘူ ကျေးရွာတွင် လူကူးကြိုးတံတား(၁၂၀)ပေဆောက်လုပ်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယင်းလုပ်ငန်းများအားလုံး ဘဏ္ဍာရေးနှစ်အမှီပြီးစီးနိုင်ရေးတွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

သတင်း - ဖုန်ကန်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)