မာန်အောင်ကျွန်းသည် ကျွန်း၏မူလရှိရင်းစွဲ သဘာဝအလှ တရားများကြောင့် မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ်၏ ထင်ရှားသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်လာ မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်ကျွန်းသည် ကျွန်း၏မူလရှိရင်းစွဲ သဘာဝအလှ တရားများကြောင့် မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ်၏ ထင်ရှားသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်လာ မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် ပြောကြား






MNP ၊ ဇန်နဝါရီ ၂၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒေါက်တာ ညွန့်ဖေ၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါ်နုမြဇံ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ အကြံပေးအဖွဲ့၊ အဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းက မာန်အောင်မြို့နယ်၊ ကအီးကျေးရွာအနီးရှိ မာန်အောင်ကျွန်းသဘာဝအခြေခံ ခရီးသွားလုပ်ငန်းနှင့် Manaung Island Resort မာန်အောင်ကမ်း ခြေဟိုတယ်ဖွင့်ပွဲသို့ တက်ရောက် ကြသည်။

ရှေးဦးစွာ မာန်အောင်ကျွန်းသဘာဝအခြေခံ ခရီးသွားလုပ်ငန်း စီမံကိန်းဆိုင်းဘုတ်အား  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒေါက်တာညွန့်ဖေ၊ ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ ဗိုလ်ချုပ်ထင်လတ်ဦး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် နှင့် တာဝန်ရှိသူများက ဖွင့်လှစ် ပေးကြသည်။

ယင်းနောက် ရခိုင်မင်္ဂလာစည်တော်အဖွဲ့က စည်တော်တီးကာ ရခိုင်ရိုးရာအကအဖွဲ့က ဗျာလ်ယိမ်းအက ဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ကြ သည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် Manaung Island Resort မာန်အောင်ကမ်းခြေဟိုတယ် View Point မှ ကအီးကျေးရွာကမ်းခြေ၏ သဘာဝအလှကို လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် တာဝန်ရှိသူ များက Manaung Island Resort မာန်အောင်ကမ်းခြေဟိုတယ် ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က အဖွင့်အမှာ စကား ပြောကြားရာတွင် နိုင်ငံတော်က ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါတွင် ကျောက်ဖြူမြို့နယ်တစ်ခုတည်းကိုသာမက ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ မာန်အောင်မြို့ နယ်များအားလုံးကို တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးမှုရှိစေရန် ရည်ရွယ်ပြီး ဒေသလွှမ်းခြုံ စီမံချက် (Regional Master Plan )ကို အတည်ပြုဆောင်ရွက် စေခဲ့ခြင်းဖြစ်ကြောင်း၊ သဘာဝအရင်းအမြစ်များရှိသည့် အရပ်ဒေသ၊ သဘာဝတရားအတိုင်း ဖြစ်တည်နေသည့် နေရာများသည် တစ်နေ့ထက် တစ်နေ့ တန်ဖိုးရှိလာပြီး လူသားများကို ဆွဲဆောင်နိုင် သည့်နေရာဒေသများ ဖြစ်လာပါကြောင်း၊ ထို့ကြောင့် သဘာဝအရင်းအမြစ်များပေါကြွယ်ဝသည့် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများသည် တစ်နေ့ ထက်တစ်နေ့ တန်ဖိုးရှိလာသကဲ့သို့ မာန်အောင်ကျွန်းသည်လည်း ကျွန်း၏မူလရှိရင်းစွဲ သဘာဝအလှ တရားများကြောင့် မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ်၏ ထင်ရှားသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်လာ မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက အမှာစကား ပြောကြားပြီး  မာန်အောင်မြို့၊ မြို့မိ၊ မြို့ဖ ဦးသာညွန့်နှင့် မာန်အောင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးကျော်လှိုင်တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ သည် Manaung Island Resort မာန်အောင်ကမ်းခြေ ဟိုတယ်အတွင်းလှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


သတင်း - တင်ထွန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)