နိုင်ငံတော်တာဝန်ရှိသူများ သိစေအပ်ပါသည်။ ယခုအခါ တိုင်းပြည်အခြေအနေသည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု၊ နိုင်ငံရေးဆူပူအကြမ်းဖက်မှုများကြောင့် ပြည်သူများ အခက်အခဲ အကြပ်အတည်း တွေ့နေရသည့် ကာလဖြစ်ပါသည်။
နိုင်ငံတော်အစိုးရက မီတာခများ မှန်မှန်ကန်ကန် ပေးဆောင်ရန် ကြေညာထားသည်ဖြစ်ရာ ကျွန်တော်တို့ ပြည်သူများအနေဖြင့် ပုံမှန်ပေးဆောင်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။
ကျွန်တော်တို့ မြို့နယ်တွင် EPC ရုံးမှ ဝန်ထမ်းများမှာ မီတာခပေးဆောင်နိုင်ရန် မီတာစာရွက်များ ပုံမှန် မီတာရွက်ပို့ဆောင်ခြင်း မရှိပါ။ NLD အစွန်းရောက် PDF အကြမ်းဖက်များ သောင်းကျန်းနေသည့်ကာလ မီတာရုံးဝန်ထမ်းများ သွားလာပေးပို့ရန် အခက်အခဲ ရှိသည်ကို နားလည်ပေးနိုင်ပါသည်။ NLD အစွန်းရောက် အကြမ်းဖက်ဝါဒီများက မီတာခမပေးဆောင်ဘဲ နေသည်ကိုလည်း ကျွန်တော်တို့ သိပါသည်။
ထိုသို့ အကြမ်းဖက်အားပေး မီတာခပေးဆောင်ရန် ပျက်ကွက်သူများကို ထိထိရောက်ရောက် ဆောင်ရွက်ပါ။ ပုံမှန်ပေးဆောင်နေသော ပြည်သူများကို အခက်တွေ့စေရန် မလုပ်ဆောင်သင့်ပါ။ ပုံမှန်ပေးဆောင်နေသော ကျွန်တော်တို့ ထံ မီတာစာရွက်များ ပုံမှန်ပေးပို့ခြင်းမရှိဘဲ ရုံးသွားမေးသည့် အခါမှ ရက်လွန်နေပြီ ဒဏ်ကြေးဆိုကာ ဒဏ်ကြေးထပ်တောင်းသည်ကို ကြုံတွေ့ရပါသည်။
နိုင်ငံတော်တာဝန်ရှိ လူကြီးမင်းများခင်ဗျာ -
ကျွန်တော်တို့မှာ ပုံမှန်ဝင်ငွေ မရှိ၊ အထွေထွေအခက်အခဲများကြားမှ ကြိုးစားပေးဆောင်နေရခြင်းဖြစ်ပါသည်။ ပြည်သူတို့၏ အခက်အခဲကိုလည်း နိုင်ငံတော်အကြီးအကဲများ သိရှိနားလည်လိမ့်မည်ဟု ယုံကြည်ပါသည်။ ဝန်ထမ်းနှင့် ပြည်သူ ရန်သူလည်း မဖြစ်ချင်ပါ။ ဝန်ထမ်းများသည် ၎င်းတို့လုပ်ပိုင်ခွင့်ထဲ ရောက်သည့်အခါ မည်သည့်ပြည်သူကိုမျှ ထောက်ထားငဲ့ညှာခြင်း မရှိပါ။ မီတာစာရွက်များ ပုံမှန်ပေးပို့ရန် အခက်အခဲရှိလျှင် နိုင်ငံတော်ပိုင် သတင်းဌာနများမှ ကြေညာပေးပါ။ ဝန်ထမ်းများအပိုင်းက ပျက်ကွက်ခြင်းဖြစ်သည့်အတွက် ပြည်သူများကို ဒဏ်ကြေးမကောက်သင့်ပါ။
မီတာခပေးဆောင်ခြင်းမရှိသော နေအိမ်များကို လျှပ်စစ်မီးဖြတ်တောက်မည်ဆိုလျှင်လည်း ပြတ်ပြတ်သားသား လုပ်ဆောင်ပါ။ လစဉ်မီတာခ တစ်သိန်းကျောင် ပေးဆောင်ရပြီး မီတာခ (၁၀)နှင့်အထက် ပေးချေရန် ပျက်ကွက်နေသူများမှာ မီတာမပေးဆောင်တော့ဘဲ မီးဖျက်ခံမည်၊ နောက်မှ အသစ်ထပ်လျှောက်မည်ဟူသော မလိမ့်တပတ်လုပ်ကွက်များကို EPC ရုံးမှ ဖရဲသီးဝန်ထမ်းများနှင့် ပူးပေါင်းလုပ်ဆောင်နေသည်ကိုလည်း ကြားသိရပါသည်။
ဖရဲသီးဝန်ထမ်း တစ်ပို့တည်းသမား အကြမ်းဖက်အားပေးများမှာ ပြည်သူများကို ဖျက်ဆီးနေသူများ ဖြစ်ပါသည်။ နိုင်ငံတော် အခွန်ဘဏ္ဍာဆုံးရှုံးစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြပါသည်။
ပုံမှန်ပေးဆောင်သည့် ပြည်သူများကိုမူ မိမိတို့ ဝန်ထမ်းများအပိုင်းက ဆောင်ရွက်ပေးရမည့် တာဝန်ကို ပြည့်ဝစွာ ဆောင်ရွက်ပေးခြင်းမရှိဘဲ မရှိသည့်ကြားမှ ကြိုးစားပေးဆောင်နေသည့် ပြည်သူများကို ဒဏ်ကြေးတပ်၍ ဒုက္ခပေးနေခြင်းများကို နိုင်ငံတော်လူကြီးမင်းများအနေဖြင့် ပြည်သူများအခက်အခဲမရှိစေရေး လိုအပ်သလို လမ်းညွှန်ဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာတင်ပြအပ်ပါသည်။
အခွန်ထမ်းပြည်သူတစ်ဦး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment