MNP ၊ ဇန်နဝါရီ ၂၇
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် (၇၅) နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အကြို မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အ-ထ-က (ဘီးလင်း)ကျောင်း၌ ကျင်းပပြုလုပ်သည်။
ပြိုင်ပွဲတွင် အမှတ်ပေးဒိုင်ဖြစ်သူ အ-ထ-က (ကဇိုင်း)ကျောင်း မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူလှိုင်က မှတ်ပေး စည်းမျဉ်းစည်းကမ်းများကိုရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် "စည်းလုံးညီညွှတ်မှုဖြင့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့မှသည် ရတုအဆက်ဆက်ဆီသို့" ခေါင်းစဉ်ဖြင့် ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ဘီးလင်းမြို့နယ်အတွင်းရှိအခြေခံ ပညာအထက်တန်းကျောင်း (၆) ကျောင်းမှကျောင်းသား၊ ကျောင်းသူ(၆) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆု ရရှိသူများကို ရွေးချယ်၍ မြို့နယ်ကိုယ်စားပြုအဖြစ် ဖေဖော်ဝါရီ (၇) ရက်နေ့တွင် မော်လမြိုင်မြို့၌ ဆက်လက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သတင်း - ထူးနောင် (ဘီးလင်း)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment