MNP ၊ ဇန်နဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော် မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သာကေတမြို့နယ်၊ ၂/မြောက် ရပ်ကွက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ သဒ္ဒါရုံ ၊ မင်းနန္ဒာအိမ်ရာဝင်းအတွင်း ရွေ့လျားဈေးကား (Mobile Market)စနစ်ဖြင့် အသား၊ ငါး၊ ပုဇွန်၊ ကုန်စိမ်းနှင့် ကုန်ခြောက်မျိုးစုံ ရောင်းချပေးနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဈေးရောင်း/ ဈေးဝယ် ပြုလုပ်ရေး ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် သဒ္ဒါရုံ၊ မင်းနန္ဒာအိမ်ရာဝင်းအတွင်း (၆)ခန်းတွဲ၊ (၆)ထပ် တိုက် ဝန်ထမ်းအိမ်ရာ အဆောက်အဦ (၂)လုံး တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
အဆိုပါ အိမ်ရာတွင် စတုရန်းပေ ၇၀၀ အကျယ်အဝန်းရှိ အိမ်ခန်း (၇၂) ခန်း ပါဝင်ကြောင်းနှင့် ယခုအခါ တည်ဆောက်ပြီးစီးပြီဖြစ်၍ ဇန်နဝါရီလကုန်တွင် ဝန်ထမ်းများ နေထိုင်နိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရှုခင်းသာလမ်းနှင့် ရတနာပုံ(၆)လမ်းထောင့်ရှိ သာကေတ မြို့နယ်ခန်းမ တည်ဆောက်မှုလုပ်ငန်းခွင်သို့ လည်းကောင်း၊ ၃/မာန်ပြေရပ် ကွက်၊ မြင်တော်သာလမ်းရှိ ဈေးများနှင့်ကုန်စည်ပွဲရုံများဌာန၊ အမှတ် (၃) ဈေးသို့လည်းကောင်း၊ သုမနလမ်းရှိအမှတ်(၂) ဈေးသို့ လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment