အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ ပထမဆုံးအကြိမ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု အောင်မြင် - Myanmar National Post

Myanmar National Post

News Agency

Breaking

အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ ပထမဆုံးအကြိမ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှု အောင်မြင်



MNP ၊ ဇန်နဝါရီ ၂၇    

တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်အပြင် နိုင်ငံ့အကျိုး ပြုလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ ကူညီထမ်းဆောင်လျက်ရှိရာ ပြည်သူ့ အကျိုးပြုလုပ်ငန်းတာဝန်များအနက် ပြည်သူများ၏ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် လိုအပ်သောနေရာများ တွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။ 

    

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ တပ်မတော်သားများနှင့် မိသားစုဝင်များ အပြင် ဒေသခံပြည်သူများကိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးလျက်ရှိသည့် အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ ယနေ့တွင် ပထမဆုံးအကြိမ် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုအနေဖြင့် ကျောက်ကပ် အစားထိုးလူနာ ၂ ဦးကို အောင်မြင်စွာ အစားထိုး ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။ 

    

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၀ ခုနှစ်၊ ဇွန်လတွင်လာရောက်သည့် ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားခဲ့သည့် ကျောက်ကပ်ပျက်စီးသည့် ဝေဒနာရှင် လူနာများအား ကျောက်ကပ် အစားထိုးခွဲစိတ်ကုသပေးနိုင်ရေး လမ်းညွှန်ချက် အရ အကြောင်းအမျိုးမျိုးကြောင့် ကျောက်ကပ်ပျက်စီးသည့် လူနာများအတွက် ကျောက်ကပ်ဆေးသည့် ဆေးကုသမှုအပြင် ကျောက်ကပ်အစားထိုးကုသမှုကို ပထမဆုံးအကြိမ် အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    

အဆိုပါ ခွဲစိတ်ကုသမှုကို တပ်မတော်ဆေးရုံမှ တပ်မှူး ဗိုလ်မှူးချုပ် စောရန်နိုင် ဦးဆောင်သည့် ဆီးနှင့်ကျောက်ကပ်ခွဲစိတ်ပါရဂူများ၊ ဗိုလ်မှူးကြီး ဒေါ်ခင်ဖြူပြာ ဦးဆောင်သည့် ကျောက်ကပ်ကု သမားတော်များ၊ ဗိုလ်မှူးကြီး ဒေါ်ယုအေးလတ် ဦးဆောင်သည့် မေ့ဆေးပါရဂူများနှင့် ကျွမ်းကျင်သူနာပြုများ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အစားထိုးခွဲစိတ်ကုသပေးရာတွင် ကျောက်ကပ် လှူဒါန်းသူတစ်ဦးကို ခေတ်မီနည်းစနစ်ဖြစ်သော ဝမ်းဗိုက်တွင် အပေါက်ငယ်များ ဖောက်၍ မှန်ပြောင်းဖြင့် ခွဲစိတ်ကုသခြင်း (Laparoscopic Donor Nephrectomy) ဖြင့် ခွဲစိတ်ကုသပေးခဲ့သဖြင့် ကျောက်ကပ်လှူဒါန်းသူမှာ နာကျင်မှုသက်သာကာ ပိုမိုမြန်ဆန်စွာ သက်သာပျောက်ကင်းနိုင်ကြောင်း သိရသည်။

    

တပ်မတော်ဆေးရုံများတွင် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသခြင်းကို ၁၉၉၅ ခုနှစ်မှ စတင်ခွဲစိတ်ကုသပေးခဲ့ပြီး ယခုအထိ ကျောက်ကပ်ပျက်စီးသည့် လူနာ ၃၀၈ ဦးကို အောင်မြင်စွာ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသပေး နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)