MNP ၊ ဇန်နဝါရီ ၂၇
ကယားပြည်နယ်အတွင်း NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူများ ဖွဲ့စည်းထားသည့် PDF အကြမ်းဖက်အဖွဲ့များ၊ KNPP အဖွဲ့အချို့နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအကြား ထိတွေ့ တိုက်ပွဲများကြောင့် တိုက်ပွဲဖြစ်ပွားရာ နေရာများနှင့် လွတ်ကင်းသည့် နေရာများသို့ တိမ်းရှောင်လျက်ရှိသည့် လွိုင်ကော် မြို့ပေါ်အပါအဝင် အဆိုပါ ဒေသတစ်ဝိုက်မှ အပြစ်မဲ့ပြည်သူများအား နယ်မြေပြန်လည် တည်ငြိမ်အေးချမ်းပြီဖြစ်သည့် ၎င်းတို့၏နေရာဒေသများ၌ ပြန်လည်နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်
လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် လွိုင်ကော်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ တိုက်ပွဲရှောင် ပြည်သူ ၄၃၉ ဦးတို့သည် ၎င်းတို့ နေရပ် အသီးသီး သို့ ထပ်မံ ပြန်လည်ဝင်ရောက်နေထိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ဝင်ရောက်လာသည့် တိုက်ပွဲရှောင်ပြည်သူများအား သက်ဆိုင် ရာတာဝန်ရှိသူ များက စနစ်တကျလက်ခံခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း၍ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေး လျက်ရှိသည်။
ကယားပြည်နယ်အတွင်း NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူများ ဖွဲ့စည်းထားသည့် NUG နှင့် PDF အကြမ်းဖက်သမားများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးခဲ့ရာမှ စတင်၍ PDF အကြမ်းဖက်အဖွဲ့များ၊ KNPP အဖွဲ့အချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အဆိုပါဒေသတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂၂ ရက်မှစ၍ ပြန်လည်ထိန်းချုပ် နိုင်ခဲ့ရာ နယ်မြေတည်ငြိမ် အေးချမ်းမှုများ ပြန်လည်ရရှိလာသဖြင့် ဈေးများ ပုံမှန်အတိုင်း ပြန်လည်ဖွင့် လှစ်၍ အေးချမ်းတည်ငြိမ်စွာ ရောင်းဝယ်ဖောက်ကားလျက်ရှိသည့်အပြင် ဘုရားစေတီများနှင့် အခြားဘာသာရေးကျောင်းများ၌လည်း ဘုရားဖူးဝတ်ပြု ဆုတောင်းသူများနှင့် ပုံမှန်အတိုင်း သွားလာ လှုပ်ရှားလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment