MNP ၊ ဇန်နဝါရီ ၂၇
NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူများ၏ လှုံ့ဆော်မှုတွင် အကြမ်းဖက်သမားများအဖြစ် ပါဝင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်နေ ထွန်းထွန်းဦး(ခ)အီးတီ(ဘ)ဦးတင်၊ အမှတ်(၉)ရပ်ကွက်နေ သက်နိုင်(ဘ)ဦးတင်ရီ နှင့် အမှတ်(၃)ရပ်ကွက်နေ သူရဖြိုးဝေ(ဘ)ဦးကြည်ရွှင် တို့သည် အကြမ်းဖက်ဖောက်ခွဲရာတွင် အသုံးပြုသည့် ယမ်းစိမ်းများအား လက်ဝယ်ထားရှိမှုနှင့် ထိန်းသိမ်းထားရှိ ရာတွင် အားပေးကူညီမှုတို့ကိုပြုခဲ့ကြသည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်း များဆိုင်ရာ အက်ဥပဒေပုဒ်မ- ၄(ခ)/၆ အရ ဇန်နဝါရီ ၂၆ ရက်တွင် ၎င်းတို့အား “ထောင်ဒဏ် ၂၀ နှစ် ” ပြစ်ဒဏ်အား အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment