ပုံပါကျင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ပြည်သူများထံသို့အရောက် ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုံပါကျင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ပြည်သူများထံသို့အရောက် ကွင်းဆင်းဆောင်ရွက်


MNP ၊ ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အိမ်‌ထောင်စုလူဦးရေစာရင်းများ ထုတ်ပေးနိုင်ရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာ‌နေ ပြည်သူများထံသို့အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ပုံပါကျင်မြို့၊ နားကောင်း မူးကျေးရွာ၊ အမှတ် (၁) ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်း ဆောင်ရွက်ပေးရာတွင် ပုံပါကျင်မြို့‌ ရှေ့တန်းရုံးတာဝန်ခံ လဝကမှူးဦးမြင့်မိုးနှင့် ဝန်ထမ်းများက နားကောင်းမူးကျေးရွာ၊ အမှတ် (၁) ရပ်ကွက်အတွင်းရှိ  နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်လျှောက်ထားသည့် ကျေးရွာ နေပြည်သူ  (၅၃) ဦးတို့ကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ပုံပါကျင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေး‌နိုင်ရေး အတွက်  နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်သူများလက်ဝယ်အရောက်ရရှိ‌စေရေး ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက်နေ့မှစတင်ကာ ဆောင်ရွက် ပေးလျက်ရှိပြီး ကျန်ရှိ‌ နေသည့် ရပ်ကွက်၊ ကျေးရွာများသို့လည်း ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - သန္တ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)