ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ စက်စက်ယိုကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေ ဂါလံ ၈၀၀ လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ စက်စက်ယိုကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေ ဂါလံ ၈၀၀ လှူဒါန်း





MNP - ဇန်နဝါရီ   ၁၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စက်စက်ယိုကျေးရွာသို့ ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုက ဇန်နဝါရီ ၉ ရက်နေ့၊နံနက်ပိုင်းက  သောက်သုံးရေ ဂါလံ ၈၀၀ လှူဒါန်းခြင်းနှင့် ဇန်နဝါရီ ၈ ရက်နေ့လည်း တောင်ဇင်းတိုက်နယ် တဲဘုံမတဲတိုက်သို့ သောက်သုံး ရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် တဲဘုံမတဲတိုက်မှာ  အိမ်ခြေ ၃၀ ကျော်နေထိုင်၍ လူဦးရေ ၁၅၀ ဦး၊ နေထိုင်ကြောင်း တဲဘုံမရေအကျိုးဆောင် ဦးဘိုဝထံကသိရပြီး ၊စက်စက်ယိုကျေးရွာသည် ငါ့သရောက်မြို့တွင်တည်ရှိသော်ပြီး သောက်သုံးရေအခက်အခဲဖြစ်ချိန်တိုင်း အေးမေတ္တာရေအလှူတော်အသင်းနှင့် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုများက ရေ လိုအပ်သည့် ကျေးရွာများ၊တဲတိုက်များကို စာရင်းပြုစု၍သွားရောက်လှူဒါန်းခြင်းနှင့် ရေလိုအပ်၍ ဖုံးဆက်မှာပါကလည်း သွားရောက်လှူဒါန်းကြကြောင်း အေးမေတ္တာရေ အလှူ အသင်းတော် တာဝန်ရှိသူများထံကသိရသည်။

ညောင်ဦးမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း မိုးရာသီမှာပင်သောက်သုံးရေခက်ခဲကြောင်း သောက်သုံးရေလှူဒါန်းသည့် အဖွဲ့များလှူဒါန်းသည့်ရေကို မျှဝေကာသုံးစွဲကြကြောင်း၊ အချို့ကျေးရွာ၊တဲတိုက်များ စက်ရေတွင်း၊ အဝီစိတွင်းရှိကြသော်လည်း ရေကြောင်း ပြောင်းလဲကာ ရေမှငံလာခြင်း၊ ထုံးဓာတ်များလာခြင်းများကြောင့်၊ သောက်သုံးရန မသင့်လျော်ခြင်း၊ ထမင်း၊ဟင်းချက်ရာတွင် တစ်နပ်သာစားသုံးရပြီး ပျက်စီးလွယ်ခြင်းများကြောင့် သောက်သုံးရေအလှူတော်အသင်းများလှူဒါန်းသည့် သောက်သုံးရေကိုမျှော်ကိုး သုံးစွဲနေကြကြောင်း ပျဉ်းတိုင်ကျေးရွာ ထန်းတောင်သူ ဦးစိုးမင်းကရှင်းပြ၍သိရသည်။

သတင်း - ကိုထိန်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)