တံတားဦးမြို့ ပြည်သူ့ဆေးရုံတွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားဦးမြို့ ပြည်သူ့ဆေးရုံတွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းကြည့်ရှုစစ်ဆေး


MNP - ဇန်နဝါရီ     ၃၁

ကျောက်ဆည်ခရိုင် တံတားဦးမြို့ ပြည်သူ့ဆေးရုံတွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ကွန်ကရစ်လမ်းခြင်းခြင်း၊ အုတ်တံတိုင်းကာရန်ခြင်းနှင့် ကြွေပြားခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့တို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်စိုးနှင့် မြို့နယ်ဆရာဝန်ကြီးတို့က ယနေ့မွန်းလွဲ(၁)နာရီတွင် လှည့်လည် ကြည့်ရှုစစ်ဆေး ကြကြောင်း သိရသည် ။

အဆိုပါ လုပ်ငန်းများ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးကျော်စိုးက လုပ်ငန်းများစံချိန်စံညွှန်းနှင့် အညီ ဆောက်လုပ်ရေး၊ အလုပ်သမားများ အနေဖြင့် လုပ်ငန်းခွင်ပေါ်တွင် ဘေးအန္တရာယ်မဖြစ်စေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို စနစ်တကျဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားပြီး မြို့နယ်ဆရာဝန်ကြီးက ဆေးရုံအတွင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ဆွေးနွေး‌ပြောသည်။

တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကွန်ကရစ်လမ်းအရှည် (၄၂၀)ပေ၊ အကျယ်(၁၄)ပေ၊ အမြင့်(၆)လက်မရှိကြောင်း၊ အုတ်တံတိုင်းကာရန်မှုတွင် ပေပေါင်း (၃၈၀)ပေရှိကြောင်း၊ ကြွေပြားခင်းလုပ်ငန်းတွင် (၂၈)ကျင်း ရှိကြောင်းနှင့် အဆိုပါလုပ်ငန်းများကို Gloval Aung One ကုမ္ပဏီမှ တိုင်းဒေသကြီးရန်ပုံငွေ ကျပ်(၂၆၆) သန်းဖြင့် တာဝန်ယူဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

သတင်း - ဦးရဲတင့်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)