ဒေါပုံမြို့နယ်တွင် အသက်(၁၈)နှစ်အထက် စတုထ္တအကြိမ်မြောက်(ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေါပုံမြို့နယ်တွင် အသက်(၁၈)နှစ်အထက် စတုထ္တအကြိမ်မြောက်(ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး


MNP - ဇန်နဝါရီ    ၁၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်း ကျဆင်းလာစေရန် အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီနိုင်ရေးအတွက် စတုတ္ထသုတ်(ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေးခြင်း တို့ကို ဇန်နဝါရီလ ၁၁ ရက်နေ့နံနက် ၁၀ နာရီအချိန်က ဒေါပုံမြို့နယ်အတွင်းရှိ ကာကွယ် ဆေးထိုးစုရပ်များ၌ ဆက်လက်ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးရာတွင် ဒေါပုံမြို့နယ် လမုတန်းရပ်ကွက် အ.ထ.က (၁) ကျောင်းတွင် စုရပ် (၂)ခု၊ နွယ်အေးရပ်ကွက်ရှိ အ.လ.က(၄) ကျောင်းတွင် စုရပ်(၂)ခု စုစုပေါင်း ဆေးထိုးစုရပ် (၄)ခုတို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာယုနန္ဒာအောင်ဦးဆောင်၍ သူနာပြုဆရာမများက ဆေးထိုးသူပြည်သူများအား စနစ်တကျကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိပြီး  ယနေ့အချိန်ထိ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ sinopharm ၁၉၄၈၃ ဦး၊ sinovac ၈၃၄ ဦး စုစုပေါင်း ၂၀၃၁၇ ဦးအား  ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

ဒေါပုံမြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည် အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေး ထိုးနှံပေးရာ နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများနှင့် ပရဟိတအသင်းများ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

သတင်း - ယဉ်မော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)