ဆင်ပေါင်ဝဲမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံ ခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆင်ပေါင်ဝဲမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံ ခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ

 


MNP - ဇန်နဝါရီ    ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးသိန်းဇော်၊ ခရိုင်ရဲတပ်ဖွဲ့မှုးကြီး ဆန်းနိုင်ဦး၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုးလှမြင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးဝင်းရွှေနှင့် ဌာနဆိုင်ရာအဖွဲ့ဝင်များသည် ယနေ့နံနက်(၉)နာရီက ဧကရာဇ်ကျေးရွာသို့ရောက်ရှိ၍ ဒေသခံကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးဝင်းရွှေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးသိန်းဇော်မှ ပန်းခင်းစီမံချက်ဆောင်ရွက်ပေးရသည့် ရည်ရွယ်ချက်များကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုးလှမြင့်မှ ဒေသဖွံ့ဖြိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကိုလည်းကောင်း၊ခရိုင်ရဲတပ်ဖွဲ့မှုးကြီး ဆန်းနိုင်ဦးမှရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံ‌ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း ကျေးရွာသူ/သားများနှင့်တွေ့ဆုံပွဲပြုလုပ်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျေးရွာသူကျေးရွာသားများမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေး မေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရှိရသည်။

သတင်း - ချိုချိုဝင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)