ကျောက်ဆည်မြို့နယ်ရှားပင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေနှင့် ပြည်သူများ ထည့်ဝင် လှူဒါန်းငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ကွင်းဆင်း စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်ရှားပင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေနှင့် ပြည်သူများ ထည့်ဝင် လှူဒါန်းငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ကွင်းဆင်း စစ်ဆေး


MNP - ဇန်နဝါရီ    ၂၉

မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး  ဦးသိန်း ထိုက်ဦးနှင့် ကျောက်ဆည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဝင်းမြင့် ၊မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေး၊ ဒေါ်ဌေးရီ ဦးစီးအရာရှိ(နည်းပညာ)တို့သည် ယနေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်ရှားပင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေနှင့် ပြည်သူများထည့်ဝင် လှူဒါန်းငွေများဖြင့်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ စနစ်တကျရှိရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ရှားပင်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၇ -၂၀၁၈ခု ဘဏ္ဍာရေးနှစ်အတွင်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော မြစိမးရောင်ကျေးရွာ စီမံကိန်းအတိုးရငွေ(၅၀%)ဖြစ်သည့်ငွေကျပ်(၉.၇) သန်းနှင့် ကျေးရွာပြည်သူများ ထည့်ဝင်လှူဒါန်းငွေကျပ် (၈.၈၄၅)သန်း စုစုပေါင်းငွေကျပ်(၁၈.၅၄၅)သန်းဖြင့် အလျား (၁၀၀၀)ပေ၊ အနံ(၁၂)ပေ၊ အမြင့်(၆)ပေကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများပြီးစီးသွားပါက ရှားပင်ကျေးရွာမှအိမ်ထောင်စု(၃၆၀)စု၊ လူဦးရေ (၁၅၆၉)ဦး သွားလာရေးပိုမိုလွယ်ကူအဆင်ပြေသွားမည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ပြီး ရာသီမရွေးသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - တင်တင်ထွေး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)