ပေကျင်း၊ ဇန်နဝါရီ ၂၆
China Petrochemical Corporation (Sinoepc )သည် Tarim ချိုင့်ဝှမ်းဒေသရှိ Shun Bei ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်၌ ရေနံနှင့်သဘာဝဓါတ်ငွေ့ တန်ချိန် သန်းချီ အထိထွက်ရှိနိုင်သော ရေနံသိုက် အသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်းဇန်နဝါရီ ၂၆ ရက်က သတင်းထုတ်ပြန်ခဲ့သည်။ ကနေဦးခန့်မှန်းချက်များအရ ယင်းဇုန်၏ သယံဇာတ တိုးမြှင့်မှု ပမာဏမှာ ရေနံစိမ်းတန်ချိန် ၈၈ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၂၉၀ ဘီလီယံ ဖြစ်ကြောင်း၊ ၎င်းသည် တရုတ်နိုင်ငံ၏ စွမ်းအင်ထောက်ပံ့မှုစွမ်းရည်နှင့် အမျိုးသားစွမ်းအင်လုံခြုံရေး မြှင့်တင်ရာတွင် အလွန်အရေးကြီးကြောင်း သိရသည်။
Sinopec Northwest Petroleum Bureau Co., Ltd. မန်နေဂျာ Wang Shijie က Shun Bei ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်သည် Tarim ချိုင့်ဝှမ်းဒေသ၏ အနောက်အလယ်ပိုင်းတွင် တည်ရှိရာ ၎င်းရေနံမြေသည် နက်ရှိုင်းပြီး အလွန်မြင့်မားသောဖိအားနှင့် အပူချိန်စသည့် ထူးခြားသော ရေနံနှင့် သဘာဝဓာတ်ငွေ့များ ခိုအောင်းမှုလက္ခဏာများရှိရာ ခိုအောင်းမှု ပျမ်းမျှ အမြင့်ပေ မီတာ ၃,၇၀၀ ကျော်ရှိပြီး ကမ္ဘာပေါ်တွင် အနက်ဆုံး ရေနှံနှင့် သဘာဝဓာတ်ငွေ့တွင်းများအနက် တစ်ခုဖြစ်ကြောင်းနှင့် စူးစမ်းရှာဖွေရန် ခက်ခဲကြောင်း ၎င်းကပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ်တွင် Sinopec သည် Shun Bei ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် ရှာဖွေရေးတွင် အဓိက စီးပွားဖြစ်ရှာဖွေတွေ့ရှိခဲ့ရာ ဆယ်နှစ်တာကာလအတွင်း Tarim ချိုင့်ဝှမ်းဒေသမှ ရေနံရှာဖွေရေး၏ ထင်ရှားချက် အသစ်ဖြစ်လာကြောင်း၊ ထိုအချိန်မှစ၍ Sinopec သည် သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ကာ ကမ္ဘာ့အဆင့်မီ နည်းပညာဆိုင်ရာ ပြဿနာများကို ကျော်လွှား၍ Shun Bei ၏ အလွန်နက်ရှိုင်းသော ရေနံနှင့် သဘာဝဓာတ်ငွေ့ ခိုအောင်းမှု သီအိုရီနှင့် အဓိကနည်းပညာများကို တီထွင်ဖန်တီးနိုင်ခဲ့ရာ ရေနံနှင့် သဘာဝဓာတ်ငွေတွင်းများစွာတွင် အဓိက ရှာဖွေတွေ့ရှိမှုနှင့် အောင်မြင်မှုများ ရရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ် Shun Bei ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းခွင်တွင် တန်ချိန် သန်းချီ ထုတ်လုပ်နိုင်စွမ်း ရှိခဲ့ကြောင်း၊ လက်ရှိတွင် Shun Bei ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းခွင်မှ ရေနံစိမ်းတန်ချိန် ၃.၃၃ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁.၄၉၇ ဘီလီယံ ထုတ်လုပ်နိုင်ခဲ့ပြီး Sinopec ၏ ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလအတွင်း အဓိက အရန်ငွေ နှင့် ထုတ်လုပ်မှု တိုးမြှင့်ရန် အရေးကြီးသည့် လုပ်ကွက်ဖြစ်လာခဲ့သည်။
Tarim ချိုင့်ဝှမ်းဒေသသည် တရုတ်နိုင်ငံတွင် အကြီးဆုံး ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ ပါဝင်မှု အများဆုံး ချိုင့်ဝှမ်းဒေသဖြစ်ပြီး ဧရိယာ ၅၆၀,၀၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ ယင်းချိုင့်ဝှမ်းတွင် စူးစမ်းရှာဖွေ လုပ်ငန်းလုပ်ဆောင်သည့် Sinopec Northwest Petroleum Bureau Co., Ltd. သည် Tahe ရေနံတွင်းနှင့် Shun Bei ရေနံနှင့် သဘာဝဓာတ်ငွေတွင်းများကို ဆက်တိုက် ရှာဖွေတွေ့ရှိခဲ့သည်။ လက်ရှိ Sinopec Northwest Petroleum Bureau Co., Ltd. စူးစမ်းသိရှိရသည့် ယင်းဇုန်၏ ရေနံခိုအောင်းမှုပမာဏမှာ ရေနံ တန်ချိန် ၁.၆၆၅ ဘီလီယံ၊ သဘာဝဓာတ်ငွေ့ ကုဗမီတာ ၉၄.၅၈၃ ဘီလီယံ ၊ စုစုပေါင်း ထုတ်လုပ်ရရှိနိုင်မည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တန်ချိန် သန်း ၁၄၀ ကျော်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ ကုန်းတွင်းပိုင်း ထိပ်တန်းရေနံတွင်း ဆယ်ခုတွင် တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရသည်။
Ref - (ဆင်ဟွာ)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment