လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့

 



MNP - ဇန်နဝါရီ     ၁၁

ရန်ကုန်‌မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းရှိ အမှတ်(၁၉)ရပ်ကွက်ရှိ အသက် (၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် လူမှုရေး ပင်စင်ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက အမှတ်(၁၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးများက ထောက်ပံ့ငွေများကို အဘိုး၊ အဘွားများ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ငွေ ပေးအပ်ရာတွင် အသက်(၈၅) နှစ်နှင့် အထက် သက်ကြီးအဘိုး (၂) ဦးနှင့် အဘွား (၅) ဦးတို့အတွက် နိုင်ငံတော်မှ တစ်လလျှင် ငွေကျပ် (၁၀၀၀၀) နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ပြီး အမှတ်(၁၉)ရပ်ကွက်ရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား (၇) ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၁၀၀၀၀) ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

သတင်း - ဝေဝေ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)