ရွှေဘိုမြို့နယ်တွင် ပဉ္စမအသုတ်(ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကျေးရွာများအရောက် ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုမြို့နယ်တွင် ပဉ္စမအသုတ်(ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကျေးရွာများအရောက် ထိုးနှံပေးလျက်ရှိ

 


MNP - ဇန်နဝါရီ    ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေး သူများအား ပဉ္စမအသုတ်(ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကျေးရွာများ အရောက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံက သိရသည်။

ထို့သို့ ပဉ္စမအသုတ်(ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများမှ အနီးကပ်ကြီးကြပ်၍ အသက်(၁၈)နှစ်အထက်၊ နိုင်ငံဝန်ထမ်းများ၊ ဘုန်းကြီး/သီလရှင်/ဘာသာရေးကျောင်းများ၊ ဈေးသူ/သားများ၊ မသန်စွမ်းများနှင့် ပုဂ္ဂလိကစက်ရုံအလုပ်ရုံမှ ဝန်ထမ်းများအား  ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်သည်။

အဆိုကာကွယ် ဆေးထိုးခြင်းကို ဇီးကုန်းလေးကျေးရွာ စိုက်ပျိုးရေးစခန်း၊ ရွာမိဿကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲ၊ စည်သာကျေးရွာဘုန်းကြီးကျောင်းနှင့် ပိတောက်ခေါင်းကျေးရွာ ဘုန်းကြီးကျောင်းတို့တွင် ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာခြင်းများ ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းထံမှ သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)