ကသာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် မကျန်ရှိစေရေး ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကသာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် မကျန်ရှိစေရေး ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ပေး


MNP - ဇန်နဝါရီ    ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် မကျန်ရှိစေရေးအတွက် ကာကွယ်ဆေး မထိုးနှံရသေးသူများအား ယမန်နေ့ နံနက် ၉ နာရီအချိန်မှစ၍  ကသာ မြို့တော်ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ထိုးနှံရာတွင် ကသာမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများက လာရောက်ထိုးနှံကြပြီး ကာကွယ်ဆေး လာရောက်ထိုးနှံသူများကိုလည်း လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကူညီဆောင်ရွက်ရေး လုပ်ငန်းများကို မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ဆေးထိုးအုပ်စုများခွဲကာ အုပ်စုအလိုက် ဆောင်ရွက် လျက်ရှိသည်။

ကသာမြို့နယ်၌ COVID Shield ကာကွယ်ဆေးကို လူဦးရေပေါင်း(၂၆၀၀)ဦးနှင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ဇန်နဝါရီလ(၂၄)ရက်နေ့အထိတွင် လူဦးရေပေါင်း(၂၁၇၅၅)ဦးတို့ ကို ဒုတိယအကြိမ်အထိ ကာကွယ်ဆေးများ ထိုးနှံပြီးဖြစ်ကြောင်း၊ Sinovac ကာကွယ်ဆေးကို ကျောင်းသား၊ ကျောင်းသူပေါင်း(၃၂၈၈)ဦးအထိ ဒုတိယအကြိမ် ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)