ထန်းတပင်မြို့နယ်တွင် မဟာဓာတ်အားလိုင်း တည်ဆောက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော သီးနှံများအတွက် သီးနှံလျော်ကြေးငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်မြို့နယ်တွင် မဟာဓာတ်အားလိုင်း တည်ဆောက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော သီးနှံများအတွက် သီးနှံလျော်ကြေးငွေများပေးအပ်

 



MNP - ဇန်နဝါရီ    ၂၇

၂၃၀ ကေဗွီ လှိုင်သာယာ-ကျိုက်လတ် မဟာဓာတ်အားလိုင်း တည်ဆောက်မှုကြောင့် ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း တူးချောင်းကျေးရွာနှင့် ကျောက်ကြီးကျေးရွာ တို့ရှိ တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများပျက်စီးမှုများအတွက် သီးနှံလျော်ကြေးငွေ များ ပေးအပ်ခြင်းကို ဇန်နဝါရီလ(၂၅)ရက်နေ့ နံနက်ပိုင်းက တဝရွှေဂူကြီး ဘုရားအာရုဏ်ခံ တန်ဆောင်းဝင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သီးနှံလျော်ကြေးငွေများ ပေးအပ်ပွဲတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်က အမှာစကား ပြောကြားခဲ့ပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပို့လွှတ်ရေး စီမံကိန်းမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးညွှန့်ရွှေက သီးနှံလျော်ကြေးငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးအေးဝင်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပို့လွှတ်ရေး စီမံကိန်းမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးမျိုးညွန့်ရွှေနှင့် လယ်ယာမြေစီမံခန့်ခွဲ့မှု ကော်မတီအဖွဲ့ဝင်များက ၂၃၀ ကေဗွီ လှိုင်သာယာ-ကျိုက်လတ် မဟာဓာတ်အားလိုင်း တည်ဆောက်ရာတွင် ပျက်စီးဆုံးရှုံးသွား သည့် သီးနှံများအတွက် သီးနှံလျော်ကြေးငွေကျပ် (၂ဝ၅၃၉ဝဝဝိ/-)ကို တူးချောင်းကျေးရွာနှင့် ကျောက်ကြီးကျေးရွာတို့မှ တောင်သူ(၁၅)ဦးတို့အား ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သတင်း - ဇင်မင်းထိုက်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)