စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ဒေသတည်ငြိမ်အေးချမ်း ရေးနှင့် လုပ်ငန်းများ အောင်မြင်အောင် အကောင်ထည်ဖော်ဆောင်ရွက်ရေး ညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၂)တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ဒေသတည်ငြိမ်အေးချမ်း ရေးနှင့် လုပ်ငန်းများ အောင်မြင်အောင် အကောင်ထည်ဖော်ဆောင်ရွက်ရေး ညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၂)တက်ရောက်

 


MNP - ဇန်နဝါရီ    ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၂)ကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင် ရာအကြီးအကဲများ၊ တိုင်းဒေသကြီးတွင်းရှိ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က “ တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ခရိုင်နှင့် မြို့နယ်အလိုက် လုပ်ဆောင်ရမည့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာများ၊ တိုင်းနှင့်ခရိုင်အဆင့် ဌာနဆိုင်ရာများမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအား သက်မှတ်ကာလအတွင်း ရာနှုန်းပြည့်ပြီးစီးရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ညွှန်ကြားမှုများအပေါ် တိကျစွာလိုက်နာ အကောင် အထည်ဖော်ရေးနှင့် ဝန်ထမ်းများအားလုံးအနေဖြင့် မိမိတို့မူလတာဝန်များအပြင် လိုအပ်မှု အရပေးအပ်လာသည့် တာဝန်များကိုပါ ကျေပွန်စွာထမ်းဆောင်ရေး၊ ဝန်ထမ်းအချင်းချင်း သံယောဇဉ်တရားဖြင့် လုပ်ကိုင် နေထိုင်ရေးတို့အား “ ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်များမှ စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ ခရိုင်များအတွင်းရှိ  ခရိုင်/မြို့နယ်များ၏ ဒေသတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လျှပ်စစ် ဓာတ်အားခနှင့် အခွန်အခများကောက်ခံနေမှု၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား များပြုလုပ်ပေးနေမှု၊ ကာကွယ်ဆေးများထိုးနှံပေးနေမှု၊ တင်ဒါစနစ်ဖြင့် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မြို့ရွာသန့်ရှင်းသပ်ယပ် ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နေမှုများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ဒေသတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများအား ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ် အေးချမ်းရေးနှင့် လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြချက်များ အပေါ်လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)