MNP ၊ ဇန်နဝါရီ ၃၀
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် ကျိုက်ပိကျေးရွာ ၌ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်စက်မှု လယ် ယာ စနစ်ကျ လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဧက -၂၀၀ သို့ ကျိုက်ထိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမျိုးမင်းစိုးနှင့်အဖွဲ့၀င်များ၊မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ အဖွဲ့၀င်များသည် ဇန်နဝါရီ(၂၉)ရက်နံနက်(၈)နာရီတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
စက်မှုလယ်ယာစနစ်ကျလယ်ယာမြေအဆင့်မြှင့်တင်ခြင်းဖြင့်မြေပြင်ညီညာ ၍ ရေကိုလိုအပ်သလိုအသုံးပြုနိုင်ခြင်း၊ ပုံသဏ္ဍန်မှန် ဧက အကွက်ကျယ်များကြောင့်စက်စွမ်းအားပြည့်မောင်းနှင်နိုင်ရန်နှင့်စက်မှုလယ်ယာစနစ်သို့ကူးပြောင်းခြင်း၊ စပါးရိတ်သိမ်းစက်များဖြင့်အချိန်မီရိတ်သိမ်းနိုင်ခြင်း၊စက်မှုလယ်ယာစနစ်ကူးပြောင်းကျင့်သုံးလာသည်နှင့်အညီသီးထပ်စိုက်စွမ်းအားနှင့်သီးနှံအထွက်တိုးတက်လာခြင်းစသည့်အကျိုးကျေးဇူးများကိုရရှိနိုင်ပါသည်။
၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် မီနီဘက်ဂျက်တွင်ကျိုက်ထိုမြို့နယ်၌စက်မှု လယ် ယာ စနစ်ကျလယ်ယာမြေအဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို တင်ဒါစနစ်ဖြင့် (၁၁၀၀)ဧကနှင့် မြို့နယ်စက်မှုလယ်ယာမှ(၂၅၀)ဧက စုစုပေါင်း(၁၃၅၀)ဧကကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းသန်းမော်(ကျိုက်ထို)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment