MNP ၊ ဇန်နဝါရီ ၃၀
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့တွင် ယနေ့ နံနက်ပိုင်းက ဈေးဆိုင်များ ပုံမှန်ဖွင့်လှစ် ရောင်းချစေရေးနှင့် (Silent Strike) အသံတိတ်သပိတ်တွင် ပါဝင်ပတ်သက်မှုမရှိစေရေး အတွက် အသိပညာပေးလက်ကမ်းစာစောင်များကို မြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်များတွင် ဖြန့်ဝေခဲ့ကြကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ပြည်သူများအနေဖြင့် (Silent Strike) အသံတိတ်သပိတ်တွင် ပါဝင်ပတ်သက်မှုမရှိစေရေး၊ နိုင်ငံ တော်တည်ငြိမ်ရေးကို ပျက်ပြားစေသည့် အဖျက်အမှောက် လုပ်ငန်းများအား အားပေးသော အနေဖြင့် ဈေးဆိုင်များပိတ်ထားခြင်း၊ သံပုံးတီးခြင်း၊ လက်ခုပ်တီးခြင်း၊ ကာဟွန်းတီးခြင်းစသည် တို့ကို ဆောင်ရွက်ခြင်းမပြုရန် ဈေးဆိုင်များ၊ အလုပ်ရုံများ၊ စားသောက်ဆိုင်များ၊လက်ဖက်ရည်ဆိုင်များ၊ ကုန်စုံဆိုင်များစသည်တို့ကို ပုံမှန်အတိုင်း ဖွင့်လှစ် ရောင်းချကြရန် လိုက်လံအသိပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment