မော်လိုက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမှုလွှမ်းခြုံနိုင်စေရန် ရပ်ကွက်/ကျေးရွာ များအတွင်း ကွင်းဆင်း ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လိုက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမှုလွှမ်းခြုံနိုင်စေရန် ရပ်ကွက်/ကျေးရွာ များအတွင်း ကွင်းဆင်း ထိုးနှံပေးလျက်ရှိ


MNP - ဇန်နဝါရီ    ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမှုလွှမ်းခြုံ နိုင်စေရန် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်ထွေ/အုပ်ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများပူးပေါင်း၍ ရပ်ကွက်/ကျေးရွာများရှိ ဦးတည်အုပ်စုများ တွင် ပါဝင်သည့် ပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကွင်းဆင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးရာတွင် ဇန်နဝါရီလ ၂၆ ရက်နေ့က Mobile အဖွဲ့မှ ပထမအကြိမ်အနေဖြင့် ပြည်သူ(၃၀)ဦး၊ ဒုတိယအကြိမ်အနေဖြင့် ပြည်သူ(၈)ဦးကို လည်းကောင်း၊ အောင်ရတနာရပ်ကွက်တွင် ပထမအကြိမ်အနေဖြင့် ပြည်သူ(၂၃)ဦး၊ ဒုတိယအကြိမ်အနေဖြင့် ပြည်သူ(၄၂)ဦးကို လည်းကောင်း၊ တံတားဦးရပ်ကွက်တွင် ပထမအကြိမ် အနေဖြင့် ပြည်သူ (၂၀)ဦး၊ ဒုတိယအကြိမ်အနေဖြင့် ပြည်သူ(၉)ဦးကို လည်းကောင်း၊ မြို့မရဲစခန်းတွင် ဒုတိယအကြိမ် အနေဖြင့် ပြည်သူ(၅)ဦးကိုလည်းကောင်း၊ လောင်းကောင်း ကျေးရွာတွင် ပထမအကြိမ်အနေဖြင့် ပြည်သူ(၃၃)ဦး၊ ဒုတိယအကြိမ်အနေဖြင့် ပြည်သူ(၅)ဦးကို လည်းကောင်း၊ ခါဝဲကျေးရွာနှင့် မှုံကြီးကျေးရွာတို့တွင် ဒုတိယအကြိမ်အနေဖြင့် ပြည်သူ(၇၈)ဦးကို လည်းကောင်း၊ ပင်သာကျေးရွာတွင် ပထမအကြိမ်အနေဖြင့် ပြည်သူ(၂၂)ဦးကိုလည်းကောင်း၊ တပ်ကုန်းကျေးရွာနှင့် မိုးကောင်းကျေးရွာတို့တွင် ပထမအကြိမ်အနေဖြင့် ပြည်သူ(၇၀)ဦး၊ ဒုတိယအကြိမ် အနေဖြင့် ပြည်သူ(၂၄၅)ဦးကို လည်းကောင်း၊ တောင်းအင်ကျေးရွာတွင် ပထမအကြိမ် အနေဖြင့် ပြည်သူ(၁၁)ဦး၊ ဒုတိယအကြိမ် အနေဖြင့် ပြည်သူ(၄၃)ဦး စုစုပေါင်း ပထမအကြိမ် ပြည်သူ(၂၀၉)ဦး၊ ဒုတိယအကြိမ် ပြည်သူ(၄၃၅)ဦး တို့ကို ကွင်းဆင်းထိုးနှံပေး ခဲ့ကြောင်း သိရသည်။

ယင်းသို့ ကိုဗစ်ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးရာတွင် ဆေးလာရောက်ထိုးနှံမှု ခံယူသူများအား ထွေ/အုပ်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး စိတ်ချရသူများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံ ပေးခဲ့ကြကြောင်း သိရသည်။

သတင်း - မော်လိုက်သားလေး               

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)