MNP ၊ ဇန်နဝါရီ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း လာမည့်ဖေဖော်ဝါရီ ၁ ရက်နေ့တွင် NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူများ ဝါဒဖြန့်လှုံ့ဆော်နေသည့် အသံတိတ်သပိတ်ပြုလုပ်ခြင်း၊ ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ်တီးခြင်း၊အခြားနည်းလမ်းတစ်ခုခုဖြင့် ဆန္ဒဖော်ထုတ်ခြင်းမပြုလုပ်ရန်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ယနေ့ နံနက် (၁၀)နာရီတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့မြို့နယ်အတွင်း၌အသံတိတ်သပိတ်ပြုလုပ်ခြင်း၊ ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ကားဟွန်းတီးခြင်း၊ လက်ခုပ်တီးခြင်း၊ အခြားနည်းလမ်း တစ်ခုခုဖြင့်ဆန္ဒဖော်ထုတ်ခြင်းများမပြုလုပ်ကြစေရန်အတွက် လှည့်လည်အသိပေးကြေငြာ ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ဌာနအလိုက်ဝန်ထမ်းများအား ထပ်ဆင့်အသိပေးရှင်းလင်း ဆောင်ရွက်သွားကြရန်နှင့် မိမိတို့ဌာနများအနေဖြင့်လည်းသက်ဆိုင်ရာကဏ္ဍ အလိုက် လက်ဆင့်ကမ်းအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးသွားရန်ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများကမိမိတို့ဌာနအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ တင်ပြကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးအနေဖြင့် ဌာနဆိုင်ရာ များတင်ပြလာသည့် လုပ်ငန်းများ အပေါ်ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိသည်။
သတင်း - နန်းခလိုက်(သရခ)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment