ကချင်ပြည်နယ်အတွင်း ဒေသဆိုင်ရာခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့်လုပ်ငန်း များစိစစ်ခွင့်ပြုပေးနိုင်ရေး၊ ခရီးသွားလုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်အတွင်း ဒေသဆိုင်ရာခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့်လုပ်ငန်း များစိစစ်ခွင့်ပြုပေးနိုင်ရေး၊ ခရီးသွားလုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး





MNP - ဇန်နဝါရီ    ၂၈

ကချင်ပြည်နယ်အတွင်း ဒေသဆိုင်ရာခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ခရီးသွားလုပ်ငန်းများနှင့် သက်ဆိုင်သည့် လုပ်ငန်းများစိစစ်ခွင့်ပြုပေးနိုင်ရေးနှင့် ခရီးသွားလုပ် ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတို့အတွက် ဇန်နဝါရီ ၂၈ ရက် နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ (၁/၂၀၂၂)လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကချင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်၏ သဘာဝအလှအပများသည် ခရီးသွား လုပ်ငန်းဖြင့် အောင်မြင်ဖွံ့ဖြိုးလာနိုင်သည့်အတွက် မိမိတို့ဒေသ၏ အထင်ကရနေရာများကို ဒေသတွင်းခရီးသွားများအပြင် ပြည်ပခရီးသွားများ ပိုမိုစိတ်ဝင်စားမှုရှိလာစေရေး ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် စိစစ်ခွင့်ပြုပေးရမည့် လုပ်ငန်းများအပေါ် ကြန့်ကြာမှုမရှိစေရေးနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရေးကိုလည်း ကော်မတီ အဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီးက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရမည့် ကိစ္စရပ်များအပေါ် ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ ဦးခိုင်ဝင်းက ကချင်ပြည်နယ်၏ ခရီးသွားလုပ်ငန်းအခြေအနေများ၊ ခရီးသွားလုပ်ငန်းမြှင့်တင်ဆောင်ရွက်မှုအခြေအနေများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း လိုင်စင်ဆိုင်ရာများ ခွင့်ပြုပေးနေမှုအခြေအနေများနှင့် ကော်မတီသို့ တင်ပြလျှောက်ထားလာသည့် ဟိုတယ်/ တည်းခိုရိပ်သာ၊ ခရီးလှည့်လည်ရေးနှင့် ဧည့်လမ်းညွှန်လုပ်ငန်းများအတွက် လိုင်စင်အသစ်၊ သက်တမ်းတိုး၊ ပယ်ဖျက်ခြင်း လုပ်ငန်းများအပေါ် ဆုံးဖြတ်အတည်ပြု ပေးနိုင်ရေးတင်ပြရာ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍ အလိုက် သုံးသပ်ဆွေးနွေး တင်ပြကြသည်။

ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် လုပ်ငန်းလိုင်စင်များနှင့် ပတ်သက်၍ အတည်ပြုနိုင်ရေး၊ ပြည်နယ်၏ ခရီးသွားကဏ္ဍမြှင့်တင်ရာတွင် လူမှုကွန်ရက်မှ တစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေးတို့ကို ကော်မတီအဖွဲ့ဝင်များနှင့် ပေါင်းစပ် ညှိနှိုင်းပေါင်းစပ်၍ ဆုံးဖြတ်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့်အတူ မြစ်ကြီးနားလေဆိပ်ရှေ့၌ စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိ သည့် လေဆိပ်ရှေ့ပန်းခြံတည်ဆောက်ပြီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တပ်မတော် ကုတင်-၃၀၀ ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေသော သံဃာတော်များနှင့် လူနာများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြကာ လူနာများအတွက် ထောက်ပံ့ငွေများနှင့် အဟာရဖြစ် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဇန်နဝါရီ ၂၇ ရက်တွင် မြစ်ကြီးနားတက္ကသိုလ်၌ ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဇန်နဝါရီ ၁၈ ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကချင်ပြည်နယ်ကန်ပိုက်တီနယ်စပ်ဂိတ်မှ တစ်ဆင့် ပြန်လည်ခေါ်ဆောင်ခဲ့သည့် မြန်မာနိုင်ငံ သား (၆၈)ဦးတို့အား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောဂါစစ်ဆေးရှာဖွေခြင်း၊ မြစ်ကြီးနားတက္ကသိုလ်တွင်း အသွားအလာ ကန့်သတ်ဆောင်ရွက်ထားသည့် နေရပ်ပြန်ပြည်သူ များနှင့် သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကာ ၎င်းတို့၏ နေရပ်မြို့များသို့ ပြန်လည်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ထို့မှတဆင့် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေး (၁/၂၀၂၂)သို့ တက်ရောက်ပြီးနောက် ကော်မတီအဖွဲ့ဝင်များနှင့်အတူ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ် ရေးအဖွဲ့၏ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည့် ရွှေဖြူဆောက်လုပ် ရေးကုမ္ပဏီလီမိတက်၏ BOT စနစ်ဖြင့် ရုံးခန်း၊ ဈေးဆိုင်ခန်းများ တည်ဆောက်ဖွင့်လှစ်ရေး ဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ်  ကွင်းဆင်းတွေ့ရှိချက် အစီရင်ခံစာကို လည်းကောင်း၊ ကချင်ပြည်နယ်တွင် စက်မှုဇုန်တစ်ခု ပေါ်ပေါက်လာရေးကို လည်းကောင်း ညှိနှိုင်းဆွေးနွေးခဲ့ ကြပြီး ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းများအား ကော်မတီအဖွဲ့ဝင်များအနေဖြင့် ဥပဒေနှင့်အညီ စိစစ်ခွင့်ပြုနိုင်ရေး ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်းနှင့် စက်မှုဇုန်တစ်ခု ဖြစ်ပေါ်လာရေးအတွက် မိမိတို့အနေဖြင့် ဝိုင်းဝန်း ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားခဲ့ကြောင်း သိရှိရသည်


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)