ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


MNP - ဇန်နဝါရီ     ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစား ကွင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ပူးပေါင်းပြီး (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် လူငယ်နှင့်စာပေပွဲတော်ကို ဇန်နဝါရီ ၂၉ မှ ဇန်နဝါရီ ၃၁ ရက်နေ့အထိ (၃) ရက်တိုင်တိုင် စည်းကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ အဆိုပါပွဲတော်ကျင်းပမည့် နေရာသို့ ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးသတ်ဆေးပက်ဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဝင်းကျော် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၁+၁၅) ဦးတို့ဖြင့် Bleaching Powder (65% Calcium Hypochlorite) 1000 g ကျောလွယ်ပုံး (၁၂) ပုံးဖြင့် ပွဲတော်ကျင်းပမည့် နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၁၈ ရက်နေ့မှ စတင်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)