ဝေါမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေါမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများညှိနှိုင်းအစည်းအဝေးကျင်းပ

 



MNP - ဇန်နဝါရီ    ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ရောက်ရှိလာမည့် ဖေဖော်ဝါရီ(၁)ရက်နေ့ အသံတိတ်သပိတ်ပြုလုပ်ခြင်း၊ ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ် တီးခြင်း၊ အခြားနည်းလမ်းတစ်ခုခုဖြင့် ဆန္ဒဖော်ထုတ်ခြင်း မပြုလုပ်ရန် တားမြစ်မိန့် ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မများ၏ သတင်းထုတ်ပြန်ထားရှိမှုနှင့် ပတ်သက်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ယမန်နေ့ မွန်းလွဲ ၂ နာရီ တွင် မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အသံတိတ်သပိတ် ပြုလုပ်ခြင်းများ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော် က ဖေဖော်ဝါရီ(၁)ရက်နေ့ အသံတိတ် သပိတ်ပြုလုပ်ခြင်း၊ ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ်တီးခြင်း၊ အခြားနည်းလမ်းတစ်ခုခုဖြင့် ဆန္ဒဖော်ထုတ်ခြင်း မပြုလုပ်ရန် တားမြစ်မိန့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ထုတ်ပြန်ထားရှိမှုအား ဖတ်ကြားပြီး အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မျိုးဝင်းအောင်တို့က မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့မြို့နယ်အတွင်း၌ သတင်းထုတ်ပြန်ထားရှိမှုနှင့် အသံတိတ်သပိတ် ပြုလုပ်ခြင်း၊ ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ်တီးခြင်း၊ အခြားနည်းလမ်းတစ်ခုခုဖြင့် ဆန္ဒဖော်ထုတ်ခြင်းများ မပြု လုပ်ကြစေရန်အတွက်လှည့်လည်အသိပေးကြေငြာဆောင်ရွက်သွားမည့်အစီအစဉ်များအားဆွေးနွေးခဲ့ကြပြီး မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းမများတွင် အသံချဲ့စက်ဖြင့် စဉ်ဆက်မပျက် လိုက်လံ ကြေငြာခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အဖွဲ့ဝင်(၁)၊ ဥပဒေအရာရှိနှင့် စည်ပင်အမှုဆောင်အရာရှိတို့က ဌာနဆိုင်ရာ မြို့နယ် ဦးစီးမှူးများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဝေါမြို့မဈေးသူ ဈေးသားများ မြို့ပေါ် ရပ်ကွက်ဈေးဆိုင်၊ ဆေးဝါးနှင့် ကုန်မျိုးစုံဆိုင်များရှိ ဆိုင်ပိုင်ရှင်များ သိရှိစေရန်နှင့် သိရှိလိုက်နာ ဆောင်ရွက်စေရန် သတင်းထုတ်ပြန်ချက်အား အသိပေးခဲ့ကြောင်း သိရသည်။

သတင်း - အောင်မြတ်လင်း 

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)