ညောင်လေးပင်မြို့၌ ကျန်းမာရေး၀န်ထမ်းများမှ မကူးစက်တတ်သော ရောဂါများအား ဆက်လက် စစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်လေးပင်မြို့၌ ကျန်းမာရေး၀န်ထမ်းများမှ မကူးစက်တတ်သော ရောဂါများအား ဆက်လက် စစ်ဆေးဆောင်ရွက်

 


MNP - ဇန်နဝါရီ    ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ယမန်နေ့ ၁၃:၀၀နာရီ အချိန်တွင် ကျန်းမာရေး၀န်ထမ်းများက မကူးစက်တတ်သော ရောဂါများအား စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ပေးရာတွင် မကူးစက်တတ်သော ရောဂါအမျိုးအစားများဖြစ်သည့် သွေးတိုး၊ ဆီးချို၊ ကင်ဆာ၊ နှလုံးရောဂါ၊ ပန်းနာရင်ကျပ်စသည့် ရောဂါများအား စစ်ဆေးပေးခဲ့ပြီး အကယ်၍ ရောဂါတွေ့ရှိပါက ရောဂါများအတွက် ဆေး(၃)လစာအား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မကူးစက်တတ်သော ရောဂါများအား စစ်ဆေးပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများမှ ဦးဆောင်၍ ယနေ့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရှိ ဝန်ထမ်းများအား စစ်ဆေးပေးခဲ့ပြီး ဆက်လက်၍ ကျန်ရှိနေသော ဌာနဆိုင်ရာများအား ဆက်လက်စစ်ဆေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)