MNP ၊ ဇန်နဝါရီ ၂၆
ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်ရှိIDPs စခန်းတို့တွင် ခိုလှုံနေကြသောအသက်(၁၈)နှစ်နှင့်အထက် ကျန်ရှိနေသောပြည်သူများအား စတုတ္ထအသုတ် ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ယနေ့နံနက် (၉)နာရီက ထိုးနှံခဲ့ကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံခြင်းများအား စနစ်တကျထိုးနှံနိုင်စေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများက စာရင်းကောက်ယူခြင်းနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။ ထို့သို့ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ပေါက်တောမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကိုကိုအောင် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာပေးခြင်းတို့ကို ပြုလုပ်ပေးကြပြီး ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးကြသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ်၌ lDPs စခန်း (၅)ခု စုရပ်များဖြစ်သည့် ကြိမ်နီပြင် IDPs စခန်း ၊ ဆင်တက်မော် IDPs စခန်း ၊ အနောက်ရဲ IDPs စခန်း၊ ငှက်ချောင်း-၁(IDPs)စခန်း၊ ငှက်ချောင်း-၂( IDPs)စခန်းများ၌ ခိုလှုံနေကြသည့် ပြည်သူစုစုပေါင်း စတုတ္ထအသုတ် (ဒုတိယ) အကြိမ်အဖြစ်ယနေ့တွင်(၉၀)ဦးလာရောက်ထိုးနှံကြပြီး စုစုပေါင်း (၆၅၂၅)ဦး ထိုးနှံပြီးစီးကြောင်းသိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment